[ Slice of Italy]
စနေနေ့ ကျောင်းပိတ်ရက်ရောက်သည့် အခါတွင်တော့ အစက Matthew ရဲ့ တစ်ယောက်တည်း စပါကတီသွားစားမည် ဆိုသည့် အကြံစည်လေးက မေးလိုက်ရလို့ အဖော်ရရန် အတူခေါ်သည့် Rickyမှစလို့ အတူမခေါ်လျှင် စိတ်ကောက်မည် ပြောနေသည့် Jiwoongနှင့် သူ့ချစ်သူဖြစ်သည့် Yeriကပါ လိုက်မည်ဆိုသောကြောင့် လေးယောက်အတူတူသွားစားကြရန်သာ ဆုံးဖြတ်လိုက်ရတော့သည်။
ဒီတစ်ခေါက်လည်း Rickyက အရင်သွားစရာကိစ္စရှိသေးသည်ဆိုသည့် အတွက်ကြောင့် Jiwoongကပဲ နှစ်ယောက်ကို ဝင်ခေါ်ပေးရတော့မည်။ Rickyက ပြီးရင်လိုက်လာခဲ့မည်ဖြစ်သည်။
" စောင့်နေရတာ ကြာသွားလား Hyung "
Matthewက ကားနောက်ခန်းတံခါးကို ဆွဲဖွင့်ကာ မေးလာတော့ မေးသည့် မေးခွန်းကိုအရင်မဖြေဘဲ တံခါးလက်ကိုင်နားက Matthewလက်ကိုလှမ်းကြည့်ကာ
" အရှေ့မှာလာထိုင် Matthew "
" Hyung ကျွန်တော်ပြောပြီးပြီလေ အရှေ့ခုံက- "
" လာထိုင်ပါဆိုကွာ။ Hyungက ကားမောင်းရင် ဘေးမှာတစ်ယောက်ယောက် ရှိနေရတာကြိုက်လို့ "
ငြင်းမရသည့် အကြောင်းပြချက်လှလှလေးကိုပေးလာတော့ ဆန္ဒအတိုင်း ရှေ့ခန်းတွင်ပဲ ထိုင်လိုက်ရသည်။
" Ricky Geက မအားလို့သာ မဟုတ်ရင် သူ့ကားနဲ့ပဲ လိုက်ခဲ့တယ် "
" ဒါဆို သူ့ဘေးမှာပဲ ထိုင်ချင်တယ်ဆိုတဲ့ သဘောပေါ့ "
Matthewဆိုလိုချင်သည်က Rickyကားနဲ့သာဆို နောက်ခန်းပဲထိုင်ထိုင် နောက်ဖုံးထဲပဲထိုင်ထိုင် ယုတ်စွအဆုံး ကားအမိုးပေါ်တက်ထိုင်တောင် ဘာမှမပြောသည်မလို့ နားအေးပါးအေး လိုက်စီးရသည်ပြောမလို့ပေမဲ့ ကလေးအတွေးကို မဖျောက်နိုင်သေးသော Jiwoongကြောင့် သက်ပြင်းချရုံမှ တစ်ပါး မတတ်နိုင်ခဲ့ပါလေ။
" သဘောရှိသလိုသာ တွေးပါတော့ Hyungရယ် "
..............Yeriအိမ်ရှေ့ရောက်တော့ Matthewမရင်ဆိုင်ချင်သည့် Yeriရဲ့ အကြည့်စူးစူးကိုလက်ခံလိုက်ရပါသေးသည်။ သူကလည်း ရှေ့ခန်းမှာထိုင်နေတော့ အခုလိုဖြစ်လာမှာကို သိနေပါသည်။ ထို့ကြောင့် အနောက်မှာပဲထိုင်မလို့ လုပ်ခဲ့ပေမဲ့ Jiwoongကြောင့်သာ။
YOU ARE READING
Second Chance - Woongtthew (Ongoing)