အပိုင်း (၂) Zawgyi

586 13 0
                                    

အရှိန်နဲ့ပြေးလွှားနေသော အမြန်ရထားပေါ်တွင် ဇိမ်ကျအောင်မှီထိုင်ရင်း ခန္ဓာကိုယ်ရှိအကြောများအားလုံး လျှော့ချထားမိသည်။ လေပြေဟန်ရဲ့မျက်လုံးများသည် မှန်တံခါးအပြင်ဘက်သို့သာ ငေးကြည့်လာခဲ့သည်။ ပြေးလွှားနေသောရှုခင်းများက ရထားနောက်မှာကျန်ခဲ့သည်။

သူသည် နောက်ဆုံးတော့ မွေးရပ်မြေမြို့ကို ပြန်ခွင့်ရခဲ့ပြီပဲဖြစ်သည်။ သူလက်ရှိနေထိုင်ရာမြို့နဲ့ မွေးရပ်မြေမြို့သည် အမြန်ရထားနဲ့ဆို သုံးနာရီသာအချိန်ပေးရသည်။ မွေးရပ်ဌာနေဆီက ထွက်ခွာချိန်တုန်းက ရထားစီးခဲ့သည်။ အခုပြန်လာခွင့်ရတော့လည်း တမင်တကာရထားစီးလာခြင်းဖြစ်သည်။ မတူတာဆိုလို့ ရိုးရိုးရထားကနေ အမြန်ရထားဖြစ်သွားခြင်းသာ ဖြစ်လိမ့်မည်။ ကြားထဲမှာလည်း နှစ်တွေမနည်းမနောကြာခဲ့ပြီကိုး။

၈နှစ်လား ၉နှစ်လား.....

ဒီလောက်နှစ်တွေကြာပြီးမှ သူနေထိုင်ကြီးပြင်းခဲ့တဲ့ နေရာကိုပြန်ရောက်ခဲ့တယ်။ဒါကလည်း အလုပ်ကိစ္စကြောင့်...

တစ်နည်းပြောရရင် သူတာဝန်ယူရမဲ့ကိစ္စကြောင့်....

ထက်ကောင်းလူသည် လေပြေဟန်တွေ့ရမဲ့သူက ဘယ်သူဘယ်ဝါဆိုတာမပြောခဲ့ပေ။ တွေ့ရမဲ့လိပ်စာကို ပေးခြင်းသာဖြစ်သည်။ နောက်နေ့ချက်ချင်း သွားရမယ်ဆိုတဲ့အမိန့်ကိုလည်း ငြင်းဆန်ခွင့်မရှိခဲ့။

လိပ်စာသည် လေပြေဟန်နဲ့သိပ်ကိုရင်းနှီးလွန်းနေ၏။ ရင်းနှီးရုံတင်မဟုတ်ဘဲ အရင်ကလေပြေဟန်နေထိုင်ခဲ့သော လမ်းဖြစ်နေသည်။ လေပြေဟန်တို့ပြောင်းခဲ့စဉ်က အိမ်နံပါတ်များမရှိသေးပေ။ ၁၀၂ ဆိုတဲ့အိမ်နံပါတ်ကို ပြန်စဉ်းစားမိသည်။ သည် အိမ်နံပါတ်က လေပြေဟန်နေခဲ့တဲ့အိမ်နဲ့ဆို ဘယ်နှအိမ်လောက်များခြားလိမ့်မလဲ။

စိတ်လှုပ်ရှားလွန်းသည် မဆိုသာတဲ့ ရင်ခုန်မှုသေးသေးလေးက သူ့ရင်ထဲမှာဖြတ်ပြေးနေသည်။

တကယ်တော့ လေပြေဟန်က ကံကောင်းလွန်းတာဖြစ်သည်။ ထက်ကောင်းလူဘက်က သူ့ကိုအလုပ်ထုတ်ပစ်ဖို့ တောင်းဆိုမယ်လို့ထင်ထားခဲ့တာ။ သူတို့နှစ်ယောက်က ကျောင်းမှာတည်းက သိပ်တည့်ခဲ့ကြတဲ့သူတွေမဟုတ်။ မိဘချမ်းသာမှုနဲ့ အရာရာလိုတိုင်းရကာ တစ်ပါးသူအပေါ်မောက်မာတတ်တဲ့ ထက်ကောင်းလူနဲ့ မာနကြီးကာ ထိုသို့သောလူများကိုမုန်းတီးတဲ့လေပြေဟန်တို့နှစ်ယောက် ထိပ်တိုက်ရန်ဖြစ်ခဲ့တဲ့ အကြိမ်ရေများလည်း မနည်းလှပေ။

လေပြေဟန်Tempat cerita menjadi hidup. Temukan sekarang