အပိုင်း(၈)

1.5K 199 9
                                    

ဘာရယ်မဟုတ်ဘဲ သစ်သားတံတားပေါ် ကို သူတို့နှစ်ယောက်လုံး ပြိုင်တူခြေချမိသွားကြသည်။ လေပြေဟန်ကို ငဲ့ကြည့်လာသော သော်ဘုန်းလျှံရဲ့မျက်နှာသည် နေရောင်ကြောင့် အနည်းငယ်မျက်မှောင်ကုတ်လို့နေသည်။ ကန်ရေပြင်ကိုဖြတ်တိုက်လာသော လေပြင်းများက အားပြင်းသော်ညား သော်ဘုန်းလျှံရဲ့ဂျယ်လိမ်းဖြီးသင်ထားတဲ့ ဆံပင်တွေကတော့ အရာမယွင်းချေ။

မွေးရပ်မြေမြို့ရဲ့ အထင်ကရနေရာ။
ကန်ရေပြင်ကျယ်ပေါ် ဖြတ်ဆောက်ထားတဲ့ သစ်သားတံတားရှည်နဲ့ တံတားအောက်ကနေဖြတ်၍ သွားလာနေတဲ့လှေငယ်များ။ အရာအားလုံးက မျက်စိကိုအလွန်တရာ ဖမ်းစားနိုင်သော ရှုမျှော်ခင်းများဖြစ်သည်။

သော်ဘုန်းလျှံနဲ့အတူ နေ့လယ်စာစားပြီးတဲ့နောက်မှာ မရောက်ဖြစ်တာကြာတဲ့ ဒီနေရာကို အမှတ်မထင်ပဲရောက်လာမိကြသည်။

လေပြေဟန်နဲ့သော်ဘုန်းလျှံအတွက်လည်း ဒီနေရာကစိမ်းသက်မနေပါချေ။ အကြိမ်ဖန်များစွာ ရောက်ဖူးသောအမှတ်တရနေရာဖြစ်သည်။ တံတားပေါ်ဒီတိုင်းထိုင်ချရင်း နေဝင်ချိန်ကိုအတူငေးကြည့်ခဲ့ဖူးသည်။ တိုတောင်းလှသောအချိန်တွင်းမှာ အမှတ်တရတွေ ထုထည်ပေါင်းများစွာ ဖန်တီးမိခဲ့ကြသည်။ ထိုအချိန်တွေတုန်းက သူတို့နှစ်ယောက်ကြားမှာ အနာဂတ်ဆိုတာမသိခဲ့ဘဲ ပစ္စုပ္ပန်သာရှိခဲ့သည်။

"ဒီနေရာကအရင်တုန်းကလို လှတုန်းပဲ ဘာမှတောင်သိပ်မပြောင်းလဲသွားဘူး"

ကမ်းစပ်တစ်လျှောက်အသစ်ဖွင့်ထားတဲ့ ဆိုင်များကလွဲရင် ထွေထွေထူးထူးပြောင်းလဲခြင်းမရှိပါချေ။ တံတားနဲ့ကန်ရေရဲ့သန့်ရှင်းရေးကို အလွန်အမင်းဂရုစိုက်ထားတာမို့ တိုက်ခတ်လာတဲ့လေပြင်းများက သန့်စင်လတ်ဆတ်လို့နေသည်။ နေရောင်က ခဏနေလင်းလာလိုက်၊ ခဏနေမိုးအုံ့သွားလိုက်နဲ့ လေပြေဟန်ရဲ့ရင်ခုန်သံလိုပဲ ပြောင်းလဲနေသည်။

"ခဏခဏရောက်ဖြစ်နေတော့ ပြောင်းလဲတာတွေကို ကိုယ်တောင်သိပ်သတိမထားမိဘူး"

လေတိုးသံတွေထဲက နှစ်ကိုယ်စာကြားလောက်ရုံ အသံအေးလေး။ သူတို့နှစ်ယောက်သည် မတိုင်ပင်ပါဘဲ တံတားအဆုံးထိလျှောက်မိနေသည်။

လေပြေဟန်Donde viven las historias. Descúbrelo ahora