အပိုင်း (၅)

1.6K 225 13
                                    

မနက်စာစားပြီးတဲ့နောက်မှာ သော်ဘုန်းလျှံက အပြင်ထွက်သွားသည်။ ဟောပြောပွဲတစ်ခုတက်ရောက်ရမှာဖြစ်ကြောင်း လေပြေဟန်ကိုအသိပေးသွားသည်။

အလုပ်ခန်းကိုလည်း အသုံးပြုလို့ရကြောင်း ရက်ရက်ရောရောခွင့်ပြုပေးသွားလေသည်။ သော်ဘုန်းလျှံရဲ့ အလုပ်စားပွဲက စာအုပ်ပေါင်းများစွာနဲ့ ရှုပ်ယှက်ခတ်လို့နေသည်။ ခံ့ထည်သောသစ်သားစာအုပ်စင်များ၊ စာအုပ်ပေါင်းများစွာရှိနေတဲ့ အခန်းက စာရေးဆရာတစ်ယောက်ရဲ့အလုပ်ခန်းဆိုတာ သိသာစေသည်။ ရရှိခဲ့တဲ့ ဆုတံဆိပ်ပေါင်းများစွာကိုလည်း သီးသန့်စင်ဖြင့် ထားထားတာကို တွေ့ရသည်။

ဒီအလုပ်ခန်းနဲ့ သော်ဘုန်းလျှံရဲ့အိပ်ခန်းကလွဲရင် အိမ်ရဲ့ကျန်တဲ့နေရာတွေအကုန်လုံးက လေပြေဟန်နေခဲ့စဥ်ကအတိုင်း မပြောင်းလဲချေ။ လေပြေဟန်မေမေ စိုက်ထားခဲ့‌တဲ့ အိမ်ထောင့်ကစံပယ်ပင်လေးသည်ပင် ထိုအတိုင်းရှိနေဆဲ။

လေပြေဟန်သည် ပထမဆုံးအနေနဲ့ သော်ဘုန်းလျှံရဲ့ စာအုပ်တိုက်နဲ့အရင်ဆုံးဆက်သွယ်ရသည်။ လက်မှတ်ထိုးပွဲအတွက် ပွဲစီစဥ်သူဖြစ်ကြောင်းပြောတော့ အယ်ဒီတာက ကျေးဇူးအထပ်ထပ်တင်နေ၏။ ရှိသမျှ အေဂျင်စီအကုန်ငြင်းပြီး ဘာကိုမှစိတ်တိုင်းမကျနေတဲ့ သော်ဘုန်းလျှံကြောင့် စာအုပ်တိုက်ဘက်က တော်တော်လေးအခက်တွေ့နေပုံရသည်။

ထွက်ရှိထားပြီးသမျှ The Three Detectives စာအုပ်များကိုလှန်လှောကြည့်မိသည်။ တစ်အုပ်ကို လက်သုံးလုံးနီးပါးလောက်ထူထဲတဲ့ ဒီစာအုပ်တွေက စျေးကွက်အတွင်းရောင်းအားအကောင်းဆုံး စာအုပ်များဖြစ်သည်။ ထိုစာအုပ်အတွက် ရုပ်ပြပါထွက်ရှိထားပြီး animation အနေနဲ့ပါထွက်ရှိအုံးမည်ဖြစ်သည်။

လေပြေဟန်သည် အမှန်တော့ ဒီစာအုပ်များကိုမဖတ်ဖူးချေ။ reviewများအရဆိုရင် စာအုပ်က အမျိုးသားနှစ်ယောက်၊ အမျိုးသမီးတစ်ယောက်ပါဝင်တဲ့ စုံထောက်အဖွဲ့အစည်းတစ်ခုက ပေးအပ်လာတဲ့မစ်ရှင်အမျိုးမျိုးကို ထမ်းဆောင်ပြီး အမှုတွေကိုဖြေရှင်းတဲ့အကြောင်း ရေးသားထားခြင်းဖြစ်သည်။
အမှုဖြစ်စဥ်တွေက အမျိုးအစားစုံလင်သလို ဖြစ်ပွားတဲ့ခေတ်တွေလည်း မတူပေ။ အချိန်ခရီးသွားကာ ခေတ်ကာလအမျိုးမျိုးမှာရှိတဲ့ အမှုများကိုထိုခေတ်ကာလမှာရှိတဲ့ အဖွဲ့အစည်းများ၊ နည်းစနစ်များကို အသုံးချကာ ဖြေရှင်းပေးရခြင်းပင်။

လေပြေဟန်Donde viven las historias. Descúbrelo ahora