အပိုင်း (၄) Zawgyi

484 12 0
                                    

ဟိုတယ်ကနေ ပစ္စည်းတွေယူလာပြီးချိန်တွင် လေပြေဟန်နေရမဲ့အခန်းက အလုံးစုံသန့်ရှင်းရေးလုပ်ပြီးသွားပြီဖြစ်သည်။ အိပ်ရာခင်းနဲ့ခေါင်းအုံးစွပ်သည် အပြာရောင်ဖြစ်ပြီး အနံ့သင်းသင်းလေးမွှေးပျံ့နေသည်။

ထိုညက လေပြေဟန်သည် စိတ်အေးလက်အေးအိပ်ပျော်သွားခဲ့သည်။ ဒီကိုမလာခင်က ရှိနေတဲ့စိုးရိမ်ပူပန်မှုတွေ တစိုးတစိမှမရှိတော့ဘဲ စိတ်အေးလက်သာအိပ်ပျော်နိုင်ခဲ့သည်။

ထိုညက အိမ်မက်တစ်ခုကိုလည်း မက်ခဲ့သည်။ အိမ်မက်ထဲမှာ သူဟာအတိတ်ကငယ်ရွယ်သောအသက်၁၆နှစ်အရွယ်ကို ပြန်ရောက်သွားခဲ့သည်။

တိတိပပဆိုရရင် သော်ဘုန်းလျှံကို ပထမဆုံးစကားသွားပြောခဲ့တဲ့ အချိန်ကိုဖြစ်သည်။



ထိုနေ့က သူတို့ဒသမတန်း တန်းခွဲအေမှာ သူရယ်သော်ဘုန်းလျှံရယ် နှစ်ယောက်တည်းရှိနေခဲ့သည်။ အားကစားချိန်ဖြစ်တာမို့ အတန်းသားအားလုံး ကစားကွင်းထဲမှာရှိနေသည်။ သူကတော့ နေမကောင်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ကျန်နေခဲ့ပြီး သော်ဘုန်းလျှံကတော့ သင်္ချာအိုလံပစ်ပြိုင်ပွဲအတွက် လေ့ကျင့်ရန်ဆိုတဲ့  အကြောင်းပြချက်နဲ့နေခဲ့ခြင်း ဖြစ်သည်။

လေပြေဟန်သည် တွက်လက်စပုစ္ဆာ
ကို စိတ်တိုတိုနဲ့ခြစ်ချလိုက်သည်။ အပူငွေ့နွေးနွေးနဲ့ ဖျားနေတာအပြင် သင်္ချာပုစ္ဆာကြောင့်ပါ သူ့ခေါင်းတွေချာချာလည်အောင် မူးနေပြီဖြစ်သည်။

အကြိမ်ကြိမ်အဖန်ဖန် ကြိုးစားတွက်ပြီးတဲ့နောက်မှာတော့ သူလုံးဝလက်လျှော့လိုက်တော့သည်။ ကျိန်းစပ်နေတဲ့ မျက်လုံးတွေကနေ မျက်ရည်ပူတွေပါထွက်ချင်နေပြီ။

နောက်ဆုံးမှာတော့ သူသည်သက်ပြင်းချလိုက်ကာ ရှိသမျှသောမာနတွေအကုန် ပစ်ချလိုက်ပြီး အနောက်ဘက်ထိုင်ခုံမှာ ရှိနေတဲ့သော်ဘုန်းလျှံကို လှမ်းကြည့်လိုက်သည်။

နေ့ခင်းရဲ့အပူချိန်ပြင်းပြင်းကို အမှုမထား၊ ပတ်ဝန်းကျင်ကိုလျစ်လျူရှုလို့ သင်္ချာထိုင်တွက်နေတဲ့ သော်ဘုန်းလျှံ။ သူ့အတန်းဖော်က အမြဲတမ်းဒီပုံစံပဲလေ။

လေပြေဟန်Where stories live. Discover now