အခန်း (၁)

3K 82 2
                                    

“ဟေ့ကောင် ထစမ်း!
ပုံစံကကို ပျော့တိပျော့ဖတ်နဲ့!
ယောက်ျားဆို ယောက်ျားလိုနေမှပေါ့ကွ!
ဒီမှာမြင်လား! ဟောဒီ့ခါးပတ်က မင်းအတွက်ပဲ! ယောက်ျားလို ကျားကျားလျားလျား မနေသရွေ့ခါးပတ်စာမိဖို့ပြင်ထား!”

ဖေဖေ့ရဲ့အသံနက်ကြီးက ကျွန်တော့်နားစည်ထဲအထိ မြည်ဟည်းသွားတယ်။
ဖေဖေ့ရဲ့မျက်ဝန်းတွေကလည်း သာမန်ထက်ပိုပြီး နီရဲနေပါရောလား။
မဖြစ်ဘူး၊ ဖေဖေနဲ့ဝေးရာကို ကျွန်တော် ပြေးမှ ဖြစ်မယ်၊ ကျွန်တော် ထွက်ပြေးရမယ်။

“ဟေ့ကောင် မင်း ဘယ်ပြေးမလို့လဲ! ငါ့လက်က လွတ်မယ်ထင်နေလားကွ! မင်းစောက်ချိုး မပြင်မချင်း ငါက အလွတ်ပေးမယ်ထင်နေလား! ပြေးကြည့်စမ်း!“

ကျွန်တော် ပြေးနေမိပေမယ့် နေရာတိုင်းမှာ ဖေဖေ့မျက်နှာကြီးပဲ မြင်နေရတယ်။ ဒီတစ်နေရာတည်းကိုပဲ ထပ်ကာထပ်ကာ ရောက်နေသလိုပဲ၊ ကျွန်တော့်ကို လွတ်မြောက်ခွင့်ပေးပါတော့ ဖေဖေရယ်...

“ဟေ့ကောင်!”

“အား!”

ရှေ့မှာ ရုတ်တရက်ပေါ်လာတဲ့ ဖေဖေ့ကြောင့် ကျွန်တော် ပက်လက်လန် လဲကျသွားရတယ်။ ထလို့လည်း မရတော့ပါလား...

“ဒီလောက်မှ ပြေးချင်တဲ့ကောင်! ကိုင်းကွာ!”

ဝှီး! ဖြောင်း!

“အား! မလုပ်ပါနဲ့ ဖေဖေ! မေမေရေ သားကို ကယ်ပါဦးဗျာ!

အား!!!”

ခါးပတ်နက်ကြီးကိုင်ပြီး အားကြမ်းကြမ်းနဲ့ လွှဲရိုက်လိုက်တဲ့ ဖေဖေ့ကြောင့်ပဲ အိပ်မက်ဆိုးကြီးကနေ ကျွန်တော်နိုးလာခဲ့ရတော့တယ်။

ဝှူး...

‌ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက်ဆိုသလိုပဲ ညတိုင်းလိုလို အိပ်မက်ဆိုးတွေ အလှည့်ကျ သရုပ်ပြနေတာဟာ ဆောင်းရာသီရဲ့မာယာတွေကြောင့်ပဲလား? ကျွန်တော့်ရဲ့ငယ်ဘဝ စိတ်ဒဏ်ရာတွေကြောင့်ပဲလား?

အချိန်ကိုကြည့်လိုက်တော့ မနက် ၃ နာရီကျော်ကျော်...

ဆက်မအိပ်နိုင်တော့ပြီမို့ ညကအပြီးမသတ်ရသေးတဲ့ အလုပ်‌‌တွေ ဆက်လုပ်‌ေနဖို့သာ ပြင်လိုက်ရတော့သည်။

DeepWhere stories live. Discover now