အခန်း (၄)

569 43 6
                                    

ခြံတံခါးပွင့်သွားသည့်တိုင် အိမ်ကြီးဆီရောက်ဖို့ အတော်လှမ်းနေသေးသည်မို့ ကားပေါ်မှမဆင်းသေးဘဲ taxi ဆရာကို အိမ်ရှေ့အထိအရောက် မောင်းပို့ခိုင်းရပါသေး၏။ လမ်းတစ်လျှောက်တွင်လည်း အပင်ကြီးအပင်ငယ် စုံစုံလင်လင်စိုက်ပျိုးထားသည်ကို တွေ့ရပြီး စိမ်းစိမ်းစိုစိုနှင့် မြင်ရသည်မှာ စိတ်ကြည်နူးစရာပင်ကောင်းနေသေးသည်။

“အိမ်ကြီးက ရှယ်ပဲကွ
ဒီလိုအိမ်ကြီးမျိုး ဦးတစ်သက် ဒီတစ်ခါပဲ လက်တွေ့မြင်ဖူးသေးတယ် ငါ့တူရေ”

taxi ဆရာ ဦးလေးကြီး ပြောလည်းပြောချင်စရာပင်။ ရုပ်ရှင်တွေထဲမှာသာ မြင်ဖူးသော စံအိမ်ကြီးတွေကဲ့သို့ ခမ်းနားနေသည်မှာ အဝင်လမ်းကိုကြည့်၍ပင် အတော်သိသာနေလေသည်။

အိမ်ရှေ့သို့အရောက် taxi ပေါ်မှဆင်းဆင်းချင်း အိမ်ထဲမှ အဒေါ်ကြီးတစ်ယောက် ထွက်လာသည်။

“ဆရာမှိုင်းကဗျာဝေ ဟုတ်ပါတယ်နော်”

“အဲ...ဟုတ်‌တော့ဟုတ်ပါတယ်
ကျွန်တော့်ကို ဆရာတပ်ခေါ်စရာတော့ မလိုပါဘူးခင်ဗျာ
လူငယ်ချင်း အသိပညာတွေ sharing လုပ်တဲ့သဘောနဲ့ပဲ လာခဲ့တာပါ”

“အို အဲ့ဒါတွေ ဒေါ်ဒေါ်လည်း နားမလည်ပါဘူးကွယ်
လာလာ၊ မြတ်လေးတို့ သားကို စောင့်နေကြတယ်”

“ဟုတ်ကဲ့”

မြင်‌ေနကျ တံခါးများထက် သိသိသာသာကြီးမားလွန်းသည့် ကျွန်းတံခါးကြီးကို ဖွင့်ရသည်မှာပင် လွယ်ကူမည်မဟုတ်‌ေချဟု မှိုင်း တွေးမိသည်။
အိမ်ကြီးထဲသို့ ရောက်သည်နှင့် အနံ့သင်းသင်းတစ်မျိုးကိုပါ ရလိုက်သည်။

“အော် ဆရာလေး လာပြီပဲ”

ဟော လုပ်ပြန်ပြီ၊ ဆရာလေးဆိုပဲ။
ကတုံး‌ေပြးတုံးချင်စိတ်တွေပါ ပေါက်လာသလိုလို...

ဧည့်ခန်းဟု ယူဆရသော အခန်းကျယ်ကြီးထဲတွင် ရွှေရောင်အနားကွပ်ဆိုဖာကြီးများအား လှလှပပ နေရာချထားသည်ကို‌‌ေတွ့ရပြီး မိမိ guide လုပ်ပေးရမည့် ကောင်လေး၏ မိဘနှစ်ပါးဖြစ်ဟန်တူသော ပုဂ္ဂိုလ်နှစ်ယောက် ထိုင်နေသည်ကို တွေ့ရ၏။

“ထိုင်ပါဦး ဆရာလေး”

“ဟုတ်ကဲ့ အန်တီ”

“မထိုက်ရေ၊ ဆရာလေးအတွက် သောက်စရာတစ်ခုခု ယူခဲ့ပေးပါဦး
ဆရာလေးရေ ပြောရမှာတော့ အားနာပါရဲ့
အန်တီတို့က လူကြီးဆိုတော့ သားငယ်လေး ဝါသနာပါရာကိစ္စတွေနဲ့ ပတ်သက်လို့ ဘာမှမသိဘူး
အခုလည်း အပြင်သွားခါနီး သားငယ်လေးရဲ့ဆရာလာမယ်ဆိုလို့သာ ရင်းနှီးထားအောင်လို့ စောင့်ပြီး မိတ်ဆက်ထားတဲ့သဘောပါ”

DeepWhere stories live. Discover now