အခန်း (၁၃)

446 25 22
                                    

ခြေ၊လက်များအား ကြိုးချည်ထားသောကြောင့် အပေါ်မှ အုပ်မိုးရန် ကြိုးစားလာသူအား မှိုင်း မတွန်းလှန်နိုင်ခဲ့ချေ။ ကြိုးမချည်ထားလျှင်တောင် ခွန်အားချင်းမမျှတာနှင့်ပင် ထိုလူစိမ်းပြုသမျှ နုရတော့မည့် အခြေအနေမှာဖြစ်သည်။

“ခွေးသားကြီး၊ ဖယ်စမ်း
ယောက်ျားချင်း မယုတ်မာနဲ့နော်!”

“အေးအေးဆေးဆေး တောင်းဆိုနေတာ မင်းမှ လက်မခံတာ
အနုနည်းနဲ့မရ‌တော့လည်း အကြမ်းနည်းပေါ့ကွာ
မင်းလို ဟာမျိုးလေးနဲ့ဆို လူယုတ်မာဖြစ်ရလည်း တန်ပါတယ် ဟားဟား!”

ဝုန်း!!!

“ဘာလဲဟ! ဘယ်ကောင်...အ!!!”

တဲတံခါးတစ်ခုလုံး လွင့်စင်သွားသည်အထိ ကန်ချက်ပြင်းပြင်းနှင့်အတူ ရုတ်တရက်ဝင်လာပြီး လူစိမ်းအား အဆက်မပြတ်ထိုးကြိတ်‌နေသူမှာ မြတ်တိမ်ယံကင်း...

“အု!
အ! တောင်းပန်ပါတယ်! တော်ပါတော့!”

မျက်နှာတစ်ပြင်လုံး သွေးအလိမ်းလိမ်းဖြင့် တောင်းပန်နေသူအား စကားတစ်ခွန်းမျှ ပြန်မပြောဘဲ မြင်ရက်စရာပင်မရှိတော့လောက်အောင် အဆက်မပြတ်ထိုးချက်များ ပစ်သွင်းနေသည့် မြတ်တိမ်ယံကင်း ကို မြင်ရသည်မှာ မကောင်းဆိုးရွား ပူးကပ်ထားသည့်နှယ်၊ မျက်နှာကြောများတင်းမာနေသည်ကိုပါ မြင်နေရပြီး စက်ရုပ်တစ်ရုပ်လို မနားတမ်း ထိုးကြိတ်နေလေ၏။

“ကိုမြတ်! တော်တော့လေ! သူ သေသွားမယ်!
ကိုမြတ်?”

သည်းထန်စွာ ရွာသွန်းနေဆဲဖြစ်သည့် မိုးသံများအောက်တွင် မှိုင်း စကားသံတို့သည်လည်း အရာရောက်ပုံမပေါ်။ မိုးရေများလည်း တစ်ကိုယ်လုံး စိုရွှဲနေသည့် မြတ်တိမ်ယံကင်း၏ အာရုံတို့သည် သူ့လက်သီးနှင့် လူစိမ်း၏မျက်နှာပေါ်တွင်သာ ရှိပုံရလေသည်။

“မြတ်တိမ်ယံကင်း!!!
ငါ့ကို ကြည့်စမ်း!!!”

သံကုန်ဟစ်လိုက်သည့်အခါတွင်‌တော့ ထိုးကြိတ်နေခြင်းအား ရပ်တန့်လိုက်ပြီး နုံ့ချိချိ ကုတင်ပေါ်မှ မိမိအား လှည့်ကြည့်လာသည်။

“ကျွန်တော့်ကို အရင်ကြိုးဖြည်ပေးဦး!
အစ်ကို ဒီလောက်ထိုးထားမှတော့ ဟိုက ထမပြေးနိုင်တော့ဘူး
ကြိုးသာ လာဖြည်ပေး”

DeepWhere stories live. Discover now