အခန်း (၃)

755 49 3
                                    

“မှိုင်း မင်းကို ပြောစရာရှိတယ်
ပြောစရာဆိုတာထက် အကူအညီတောင်းစရာပေါ့ကွာ”

“ဘာလဲ ကောင်းသစ်၊ ရည်းစားကိစ္စဘာဘာညာညာတွေလား? No‌ နော်၊ ငါ့အကြောင်းလဲ သိရဲ့သားနဲ့၊ ကိုယ့်ဟာကိုယ်တောင် ဒီအရွယ်ထိမစွံသေးတဲ့ကိစ္စ”

“ဟ! မင်းမစွံသေးတာ မင်းကိုက မစွံချင်လို့လေ ငါ့ကောင်ရ
ဟိုးတစ်နေ့ကပဲ နောက်က‌ေန သိသိသာသာကြီး တစ်ကောက်ကောက်လိုက်နေတဲ့ ဘီးကျဲတစ်ပွေကိုပဲကြည့်”

မှိုင်း ကမ်းပေးသော ကော်ဖီခွက်အား လှမ်းယူလိုက်ရင်း အားမလိုအားမရပြောနေသည့် ကောင်းသစ်အားကြည့်ရင်း မှိုင်း ပြုံးမိသည်။

ကောင်းသစ်ခိုင် ဆိုသည်မှာ လက်ချိုးရေလို့ရသော မှိုင်း၏ သူငယ်ချင်းများအနက် အခင်ရဆုံး bff ဟု ဆိုနိုင်သည်။ ငယ်သူငယ်ချင်းဖြစ်တဲ့ ကောင်းသစ်သည် မှိုင်းအတွက်တော့ မိဘများပြီးလျှင် အတွယ်တာရဆုံး ပုဂ္ဂိုလ်လည်း ဖြစ်သည်။ ဆယ်ကျော်သက်အရွယ်တည်းက မိမိရဲ့ဖြစ်တည်မှုအ‌ေပါ် အေးအေးဆေး‌ဆေး လက်ခံနိုင်ခဲ့တဲ့ စိတ်ထားပြည့်ဝတဲ့သူတစ်ယောက်ဖြစ်တာမို့ ရွယ်တူဆိုပေမယ့် မိသားစုဝင်တစ်ယောက်လို အစ်ကိုတစ်‌ေယာက်လို ခင်မင်အားကိုးရသူဖြစ်‌ေလ၏။ မှိုင်းတစ်ယောက် အိမ်တွင်းအကျယ်ချုပ်မိစဉ် အတောအတွင်းမှာတောင် မရရတဲ့နည်းနှင့် လာတွေ့ရှာသူလည်း ဖြစ်သည်။

တစ်ခါတလေ ဖေဖေ့ရဲ့ခါးပတ်စာပါ မျှခံရ‌ေလ့ရှိတာမို့ မိမိအတွက်နဲ့ သူများသားသမီးကို မနာကျင်စေလိုတဲ့အတွက် ကောင်းသစ်လာတိုင်း အတွေ့မခံတော့ဘဲ တစ်ကိုယ်တည်း အထီးကျန်ဆန်ဆန် တမင်ဆက်နေခဲ့ခြင်း ဖြစ်သည်။

“အဲ့ဘဲကြီးကလဲ မင်းဘေးမှာ ငါတစ်ယောက်လုံးပါနေတာတောင် အိန္ဒြေမရလိုက်ပုံများကွာ၊ မသိရင် သူ့သားလေး လင်ရသွားမှာ စိတ်ပူပြီး မျက်စိဒေါက်ထောက်လိုက်ကြည့်နေတဲ့ အဖေအိုကြီးလိုပဲ”

“ဖွီး! ဟေ့ကောင် ဖြည်းဖြည်းပြော
ကော်ဖီတောင် သီးတယ် လခွမ်း!”

“ဟီး ဟုတ်နေတာပဲကို
မင်းလောက်စွံတာလဲ မင်းပဲရှိတယ် လမှိုင်း၊
တော်တော် ဒရာမာချိုးတဲ့ကောင်
ကိုရီးယားကားတွေကြည့်တာ နည်းနည်းလျှော့
လူလဲ ကိုရီးယားရုပ်တောင် ပေါက်နေပြီ
အသားဖြူဖြူ ဆံပင်ခပ်အုပ်အုပ်နဲ့
ရယ်လိုက်ရင် မျက်စိပါပျောက်သွားသေးတယ်”

DeepWhere stories live. Discover now