အခန်း (၁၁)

481 35 10
                                    

“ကဲ ဒီလောက်ဆို ငါ့ညီလဲ တော်တော်လေး ပြည့်ပြည့်စုံစုံ တတ်သွားပြီ
social influencer/blogger/YouTuber ... ဘာပဲလုပ်လုပ် အဆင်ပြေပြီ ညီထက်
ညီက ငယ်လဲ ငယ်သေးတယ်၊ ဗဟုသုတလဲ ကြွယ်တယ်၊ အိမ်ကလဲ သေသေချာချာ support ပေးနိုင်တယ်ဆိုတော့ ဘယ်လမ်းပဲရွေးရွေး အဆင်ပြေမှာပါ”

“အဲ့ဒါက ထားပါအုံး
အစ်ကိုက နောက်ရက်ကစပြီး အိမ်မလာတော့ဘူးပေါ့
ကိုကိုနဲ့ ကျွန်တော့်ကို ပစ်သွားတော့မှာပေါ့”

တစ်လခွဲဆိုသော အချိန်အတွင်းမှာ ညီထက်အား လိုအပ်သမျှအကုန် သင်ကြားပေးပြီးခဲ့ပြီဖြစ်ပြီး overall ဆွေးနွေးရန်အတွက်သာ လာခဲ့ခြင်းဖြစ်သည်။ မိသားစုမေတ္တာအလုံအလောက်မရခဲ့သော မိမိအတွက် မြတ်တိမ်ယံကင်း၊ ထက်တိမ်ယံလင်းတို့ ညီအစ်ကိုအား အကြောင်းပြုပြီး ရောက်လာခဲ့ရသည့် သည်အိမ်၊ သည်နေရာမှ ပုဂ္ဂိုလ်များအားလုံးသည် “မိသားစုသဖွယ်”ဟု ခေါင်းစဉ်တပ်၍ရသော မေတ္တာများကို မိမိအား ပေးစွမ်းနိုင်ခဲ့သောကြောင့် မိမိအနေနှင့်လဲ ယခင်လို အပတ်စဉ်လာနိုင်တော့မည်မဟုတ်သော အခြေအနေပေါ်တွင် ဘဝင်မကျဖြစ်နေမိတာတော့ အမှန်ပင်။ ကိုယ့်ညီလေးသဖွယ် ခင်တွယ်ရသော ညီထက်လေးအားလဲ သတိရနေတော့မည်ဖြစ်သလို အပေါက်ဆိုးသော်ငြား စိတ်ထားဖြူစင်သည့် သူ့အစ်ကို ကိုကြီးကျယ်အားလဲ သံယောဇဉ်တွယ်နေမိသောကြောင့် လွမ်းနေရတော့မည်ဖြစ်သည်။

မှိုင်း ကိုယ့်စိတ်ကိုယ် သိသည်။
တစ်စုံတစ်ယောက်အား သံယောဇဉ်တွယ်မိလျှင်လဲ တော်ရုံနှင့် မပြတ်တောက်နိုင်‌ေတာ့သလို နာကျည်းစရာရှိလာလျှင်လဲ ချက်ချင်း အဆက်ဖြတ်နိုင်သည့် မိမိသည် ကိုကြီးကျယ်နှင့် ပတ်သက်မိသည့်အခါတွင်တော့ နာကျည်းစရာရှိလာခဲ့လျှင်တောင် အဆက်ဖြတ်နိုင်ပါတော့မလားဟု သံသယဝင်မိသည်။

“ဟောဗျာ၊ အဲ့လိုလဲ မဟုတ်ပါဘူးကွာ
အစ်ကိုက အစတည်းက ညီထက်လေးကို အစ်ကိုသိထားတာ၊ တတ်ထားတာတွေ sharing လုပ်ဖို့အတွက် ရောက်လာတာပဲလေ
ပြောရရင် ဂိုက်ဆရာတစ်ယောက် သူသင်ပေးရတဲ့ ကာလ ပြီးဆုံးသွားလို့ သူ့တပည့်ကို စိတ်အေးလက်အေး ထားခဲ့ရသလိုမျိုးပေါ့
ဥပမာပြောပြတာနော်၊ အစ်ကိုက ဆရာလဲမဟုတ်သလို ညီထက်ကလဲ တပည့်မဟုတ်ဘူး”

DeepWhere stories live. Discover now