အခန်း (၉)

432 37 11
                                    

"သံစဉ်ညို! မင်းက ဒီကို ဘယ်လို..."

"နင်နဲ့ တစ်လတောင် တွဲလာတာ၊ နင့်အိမ်လောက်ကို မသိစရာလား
ဘာလဲ၊ နင်ခေါ်မှ ငါက လာလို့ရမှာလား"

"မင်းနဲ့ငါ ဘာမှ ပတ်သက်စရာအကြောင်းမရှိတော့ဘူး
အဲ့နေ့တည်းက ပြီးခဲ့ပြီ
ဒီအထိ လိုက်လာတာပဲ မင်း အတော်လွန်နေပြီ
အခုချက်ချင်း ထွက်သွား!"

မြင်ခဲ့ ကြားခဲ့ဖူးသော စကားဝိုင်းအဖြစ် ပြန်လည်အသက်ဝင်လာခြင်းအပေါ်စိတ်ကုန်‌မိသည်မို့ မှိုင်း ရေကူးကန်ထဲမှ တက်လာပြီး အိမ်ထဲဝင်ရန် ပြင်လိုက်သည်။

"ဟိုကောင်လေး နင်နေဦး!"

"ဗျာ? ကျွန်တော်လား?"

ဒီနားမှာ ဟိုကောင်ရယ် နင်ရယ်ကလွဲပြီး ဘယ်သူရှိသေးလို့လဲ?"

မိမိအား ခေါင်းအစ ခြေအဆုံးကြည့်ရင်း လှမ်းလာသည့် မိန်းမလှကြောင့် မှိုင်း တစ်မျိုးကြီးခံစားနေရသည်။

" နင်ပဲကိုး! အဲ့နေ့က ဟိုကောင်ကို ရေနဲ့ပက်သွားတာ
ငါ့ထက်တော့ ငယ်မဲ့ပုံပါပဲ
ယောက်ျားတန်မဲ့ ဖြူဥနုဖတ်နေတဲ့ အသားအရည်နဲ့ မျက်လုံးမှေးမှေး၊ ဆံပင်အညိုရောင်တွေ အကုန်ပေါင်းလိုက်ရင် သာမန်ယောက်ျားတွေနဲ့ ကွဲထွက်နေတဲ့ နင့်အသွင်အပြင်က တစ်ခါမြင်ဖူးရုံနဲ့ မှတ်မိစေတာ နင်သိလား?"

တစ်ကိုယ်လုံး ရေများစိုရွှဲနေသည်မို့ လေတစ်ချက်အဝှေ့မှာ ကြက်သီးများပင် တဖြန်းဖြန်း‌ထရသည်အထိ မှိုင်း ချမ်းနေပြီဖြစ်သည်။

"နင်က ဂေးလား?"

"ဘာ?"

သံစဥ်ညို၏ ရုတ်တရက် အမေးကြောင့် ချမ်းနေသည့်ကြားမှ မှိုင်း ထူပူသွားမိသည်။

ထိုစဉ် ကျောဖက်ဆီမှ အနွေးဓာတ်တစ်ခု ရလိုက်သည်။

မြတ်တိမ်ယံကင်းမှ တဘက်ရှည်တစ်ထည် သိုင်းခြုံပေးလိုက်ခြင်း‌ေကြာင့်ဖြစ်၏။

"အိမ်ထဲ ဝင်နှင့်နော် မှိုင်းလေး၊
ရေစိမ်တာကြာနေပြီ
ဖျားနေအုံးမယ်
ကိုယ့်အခန်းထဲဝင်ပြီး တော်မယ်ထင်တဲ့ အဝတ်အစား ယူဝတ်ထားလိုက်နော်"

"ဟုတ်ကဲ့ ကိုမြတ်
ကိုမြတ်လဲ အကြာကြီးနေမနေနဲ့ဦး
ဒီက အစ်မ၊ ခွင့်ပြုပါဦးဗျ"

DeepWhere stories live. Discover now