花道 - 6

734 87 34
                                    

တာ့မင်ရဲ့ မြူဆိုင်းတဲ့ကောင်းကင်ကို ပထမဆုံး နေရောင်ခြည်ထိုးခွဲတဲ့နေ့မှာပဲ ဆောနူ အိပ်ယာကနိုးလာခဲ့တယ်။ မျက်နှာမှာခြောက်သွေ့နေတဲ့ မျက်ရည်စီးကြောင်းနှစ်ကြောင်းနဲ့ပေါ့...။ သူ့ရဲ့ မင်္ဂလာမိတ်ကပ်က ဖရိုဖရဲဖြစ်လို့နေပြီး သူ့မျက်နှာက နီရဲနေတဲ့ ကြောင်ချီးကုပ်ရုပ်ကလေးဖြစ်နေရှာတယ်။ လေးလံတဲ့ မင်္ဂလာဝတ်ရုံကို မချွတ်ပဲအိပ်လိုက်မိတာကြောင့် သူ့တစ်ကိုယ်လုံးက မသက်မသာရှိနေခဲ့သေးတယ်။

"မယ်မယ်... နိုးတော်မူပြီလား..."

ပြန်လည်ငိုက်မြည်းတော့မဲ့ သူ့ရဲ့မျက်တောင်ရှည်တွေဟာ တုန်ယင်လို့သွားတယ်။ ယင်းထောင်ဟာ အပြင်ဘက်ကအပျိုတော်တွေကို ခေါ်လိုက်တဲ့အခါမှာ အကုန်လုံးကကပြာကယာနဲ့ ရေကရားနဲ့ အဝတ်ပိုင်းတွေနဲ့အတူ ရောက်ရှိလာကြတယ်။ ဆောနူမှာ မျက်ပေတုန်ကလေးနဲ့ ငေးကြည့်နေမိတုံးလေ။

"မယ်မယ်... ဒီနေ့က မယ်တော်ကြီးကို တရားဝင်ဂါဝရပြုရမဲ့နေ့ပါ မယ်မယ်အတော်လေးနောက်ကျနေပြီ... "

ဘုရားရေ? ဟုတ်သား သူ့ကိုသင်ပေးခဲ့တဲ့မောမောတွေက ပြောခဲ့သားပဲ။ သူဘာလို့ မေ့ပစ်ခဲ့မိပါလိမ့်။ ဒါက ဒါက တကယ့်ကို ကိစ္စကြီးပဲ။

"ဘာလို့ ကိုယ်တော့်ကိုမနှိုးတာလဲ... မင်းတို့ မင်းတို့..."

ကုတင်ပေါ်က ကပြာကယာဆင်းလိုက်တဲ့အခါမှာ သူ့ရဲ့ဝတ်ရုံက လုံးထွေးသွားပြီး သူ့အားဖရိုဖရဲ လဲကျလုမတတ်ဖြစ်စေတယ်။ အဲ့ဒီနေ့က ပထမဆုံး တော်ဝင်မိသားစုကို မျက်နှာပြရမယ်ဖြစ်လင့်ကစား ဘာကြောင့်များ သူဟာ အိပ်နေမိခဲ့တာပါလိမ့်။ အခုသူက တော်ဝင်မျိုးနွယ်တစ်ခုလုံးကို အပြစ်လုပ်မိတာပဲမဟုတ်ဘူးလား။ အပျိုတော်တွေကို အပြစ်တင်မိတော့လဲ သူတို့က တိုးတိုးဆိုရှာတယ်။

"အရှင်မင်းမြတ်က မယ်မယ့်ကိုမနှိုးရဘူးလို့ သေချာပေါက် မိန့်မှာတော်မူခဲ့ပါတယ်..."

"ဘယ်တုံးကများ?..."

"အရှင်ကမယ်မယ်နဲ့အတူတူညတာကိုကုန်ဆုံးခဲ့ပြီး အမွေးတိုင်နှစ်တိုင်စာလောက်ကမှ ထွက်သွားတော်မူခဲ့တာပါ..."

You've reached the end of published parts.

⏰ Last updated: Oct 11, 2023 ⏰

Add this story to your Library to get notified about new parts!

花道Where stories live. Discover now