အပိုင်း(၁)

365 36 2
                                    

"မောင် နဒီအခန်းထဲဝင်ခဲ့မယ်နော်"

"ဟုတ်ဗျ တံခါးမပိတ်ထားဘူး"

အထဲကအသံအပြီးနဒီအရှေ့ကတံခါးမိုးပြာရောင်လေးကိုဖွင့်ကာဝင်တော့ အထဲမှာမောင်ဟာ စာကြည့်စားပွဲ၌ ထိုင်နေလျက် သူ့ကိုလှည့်ကြည့်လာသည်။

"မောင် စာလုပ်နေတာလား တို့နှောက်ယှက်သလိုဖြစ်သွားလား"

"ရပါတယ်နဒီရဲ့မောင်ပြီးပါပြီ"

မိုးစက် အနားရှိစာအုပ်တစ်ချို့ကို ထပ်လိုက်ပြီး နဒီမတ်တပ်ရပ်နေသည့်ဘက်သို့ခုံကိုလှည့်လာသည်။

ထို့ေနာက်လက်နှစ်ဖက်အားဆန့်တန်းလိုက်သည်။

နဒီသူ့မရှေ့၌ လက်လေးနှစ်ဖက်ဆန့်တန်းကာကြိုဆိုနေသော မောင့် ရဲ့ပေါင်ပေါ်သို့ တစ်ဖက်စောင်းထိုင်လိုက်သည်။

ထို့နောက်မောင့်ရဲ့ လက်နှစ်ဖက်ဟာသူမခါးသို့ရစ်တွယ်လျက်သူ့အားကြည့်လာသည်။

ထို့အကြည့်မှာ ဘာပြောမလဲလို့မျော်လင့်နေသည့်အကြည့်ဖြစ်သောကြောင့်နဒီစကားစရန်ပြင်မိသည်။

"မောင်လာမဲ့စနေ မောင့်မွေးနေ့နော် ဘာလိုချင်လဲ"

"အာဘွားး"

"မောင်နော် နဒီအကောင်းမေးနေတယ်"

"ဟောဗျာ အကောင်းပဲဖြေနေတာပဲလေ"

"တကယ်ပဲ အဲ့တာပဲလိုချင်တာလား တို့ပေးမဲ့ပစ္စည်းတော့မလိုချင်တော့ဘူးလား"

"ပစ္စည်းထက် နဒီ့အာဘွားလေးကရခဲတာကို နှစ်တိုင်းမွေးနေ့ရောက်မှပဲတဝကြီးရတဲ့ဟာကို"

နဒီထိုကလေးလေးအပြောကြောင့် သူမရဲ့လက်နှစ်ဖက်နဲ့မောင့်မျက်နှာလေးကိုင်ကာ နှဖူးလေးကိုနမ်းလိုက်သည်။

"ကဲဒို့မွေးနေ့လက်‌ဆောင်ပေးပြီးပြီနော်"

"နဒီ မောင့်မွေးနေ့တောင်မရောက်သေးဘူး.."

မိုးစက်ရဲ့စကားမပြီးဆုံးမှီနဒီမှ သူမရဲ့လက်ညိုးလေးနဲ့ စကားတို့အားရပ်တန့်စေသည်။

ထို့နောက်သူမရဲ့အင်္ကျီ အိတ်ကပ်လေးမှာ အနီရောင်ဘူးလေးအားထုတ်လိုက်သည်။ပြီးနောက်မိုးစက်ပေါင်ပေါ်မှဆင်းသွားသည်။

𝘛𝘩𝘦 𝘙𝘢𝘪𝘯𝘥𝘳𝘰𝘱𝘴 𝘖𝘧 𝘝𝘪𝘰𝘭𝘪𝘯Where stories live. Discover now