အပိုင်း(၂)

242 26 3
                                    

"မိုးစက်ဘယ်သွားတာတုန်းကွ လာပါဟ စကားပြောကြရအောင်"

"ဟုတ်ကဲ့ကိုရွှေ"

မိုးစက်လဲ ကိုရွှေတို့ဝိုင်းနေသည့်ဝိုင်းသို့ဝင်ထိုင်လိုက်သည်။ အငယ်လေးမှာတော့ ဖင်သိုးအောင်အိပ်နေပြီးသံစဉ်နဲ့နွေနှောင်းတို့ကတော့မုန့်ထုပ်များနှင့်သူတို့နဲ့အတူထိုင်နေသည်။စံထားသူကတော့သူရဲ့စာရေးစာပွဲမှာပင်။

"ပြောပါအုံး မင်းရဲ့အကြောင်းလေး"

"ကျွန်တော်က မိဘတွေမရှိဘူးလေ ငယ်ငယ်ထဲကပေါ့ အခုလဲကျွန်တော်ကိုမွေးစားတဲ့သူနဲ့တူတူနေတာပါ"

"ဪ မိုးစက်ရယ်စိတ်မကောင်းပါဘူးကွာမေးမိတာတောင်းပန်ပါတယ်"

"ရပါတယ်ဗျ "

မိုးစက်ကပြုံးကာပြန်ဆိုလေသည်။

"ဒါနဲ့ E major ကဆို"

"ဟုတ်ပါတယ်ဗျ"

"ငါကသမိုင်းကွ စံစံကတော့ မြန်မာmajorလေ သံစဉ်ရောပဲ နွေနှောင်းကတော့ Math ဟိုသေနေပြီဖြစ်တဲ့ကောင်ကတော့ ဘူမိ"

ရွှေကြီးမှာ အငယ်လေးအား‌ မေးငေါ့လျက်ဆိုပေသည်။

"ဘာပဲဖြစ်ဖြစ်ကျွန်တော့်ကိုခင်နိုင်ပါတယ် ကျွန်တော့်မှာကငယ်ငယ်ထဲက သူငယ်ချင်းမရှိခဲ့ဘူးရယ်"

"အဲ့တာတော့မပူနေပါနဲ့မိုးစက်ရယ် အေးဆေး တို့တွေအားလုံးကခင်တတ်ပါတယ်"

"ဟုတ်ကဲ့ပါဗျာ"

"ဟာကွာ မင်းကလဲတစ်ဗျာဗျာနဲ့အဲ့လောရိုသေမနေပါနဲ့ပေါ့ပေါ့ပါးပါးပြောစမ်းပါ သူငယ်ချင်းတွေပဲဟာ"

"ဟုတ်ကိုရွှေ"

"အေးအဲ့လိုလုပ်ပါဟ မင်းလဲနားတော့လေ ဟဲ့ဟိုနှစ်ယောက်မျိုနေတာတော်တော့ အိပ်တော့"

"ဟာ ကိုရွှေကလဲ ဒီမှာကုန်မှမကုန်သေးတာကိုမုန့်တွေက"

"မြန်မြန်လက်စဖြတ်အဲ့တာဆိုလဲ အကုန်ပုရွက်ဆိတ်တွေတက်ကုန်တော့မှာပဲ"

"သူ့အိပ်ရာလဲမဟုတ်ပဲနဲ့ကိုများ သူများကုတင်ပေါ်လာထိုင်နေပြီး"

"တိတ်စမ်း သံစဉ် နင့်ကုတင်ပေါ်မဟုတ်ပဲငါတို့ဆီပါတက်ဘယ်လိုလုပ်မလဲ "

𝘛𝘩𝘦 𝘙𝘢𝘪𝘯𝘥𝘳𝘰𝘱𝘴 𝘖𝘧 𝘝𝘪𝘰𝘭𝘪𝘯Where stories live. Discover now