အပိုင်း(၆)

184 21 6
                                    

"ဟျောင့်မိုးစက်"

"ဘာဖြစ်လို့တုန်းကိုရွှေရ"

အခန်းထဲ‌သို့အလောတကြီးပြေးဝင်လာသောကိုရွှေမှာတော်တော်လဲအမောဖောက်နေပုံပင်။

"ပြောစရာရှိလို့ကွ"

"ဖြေးဖြေးလာပါလားဗျာ ကျွန်တော်ကထွက်မပြေးပါဘူး ဘယ်နှယ့် အမောဖောက်ပြီး အနိစ္စသဘောနဲ့ကိစ္စချောသွားမှဖြင့်"

"ဟာ ဖက်..ဖက် လွဲပါစေဖယ်ပါစေကွာ မင်းကလဲပြောလိုက်ရင်ဖြင့်တစ်ဆုံး"

"ကျွန်တော်ကစေတနာနဲ့ပါဗျာ ကဲပြောပြော"

"မင်း kingဖြစ်သွားလို့ အဲ Queen ဘယ်လိုပြောမလဲယောက်ဖရာ"

"အဲ့kingတွေqueenတွေကဘာလဲပေါက်စီတံဆိပ်တွေလား ကိုရွှေကျွန်တော်မစားဘူးနော်ဒီနေ့ရင်နည်းနည်းပြည့်နေတယ်ဗျ"

"ဟာကွာ မင်းမေကြီးတော်ကြီးကိုပေါက်စီလား ငါတို့ private uniရဲ့ votingအရ မင်းကကျောင်းရဲ့ smart king ဖြစ်သွားတယ်လို့"

"ဗျာ အဲ့တာfresherတွေပဲပေးတာမလား"

"ဟုတ်တယ် အများအားဖြင့် တစ်နှစ်ကိုking Queen ဆိုတာ fresher တွေကိုရွေးတာ ဒါပင်မဲ့ငါတို့ကျောင်းမှာ senior ရောjunior ရောအားလုံးကိုထည့်ရွေးတဲ့ smart kingဆိုတာရှိတယ် king queenတွေအများကြီးရှိနိုင်ပင်မဲ့smart kingကတော့တစ်ကျောင်လုံးမှာမှတစ်ယောက်ပဲ မင်းရှေ့ကkingက ကျောင်းပြီးသွားပြီလေ ခုတော့ကံထူးသူမင်းပေါ့"

"မဟုတ်တာဗျာ ကျွန်တော့်ထက် smartကျတဲ့လူတွေအများကြီးကို ဖြစ်နိုင်ပါ့မလားဗျာ"

"ဖြစ်နိုင်လို့သာရသွားတာပေါ့ ငါ့ကောင်ရ မင်းလိုအရပ်ငါးပေခြောက်နဲ့ ဒီလိုbody က modelတောင်လုပ်ချင်လုပ်လို့ရတာကို"

"မလုပ်ချင်ပါဘူးဗျာ"

"ငါရွေးတာမှမဟုတ်တာကွ ဘာပဲဖြစ်ဖြစ်မင်းတော့ popular nowပဲငါ့ကောင်ရေ မင်းအတန်းရှိတယ်မလား"

ကိုရွှေမှသူ့ရဲ့လွယ်အိတ်အားကြည့်ကာဆိုလာသည်။

"အင်း နောက်တစ်နာရီမှပါ မြန်မာမေဂျာဘက်သွားရမှာ"

"ဘာပဲဖြစ်ဖြစ်လိုက်ခဲ့ကွာ"

"ဘယ်ကိုတုန်းဗျ"

𝘛𝘩𝘦 𝘙𝘢𝘪𝘯𝘥𝘳𝘰𝘱𝘴 𝘖𝘧 𝘝𝘪𝘰𝘭𝘪𝘯Where stories live. Discover now