"အောင်မလေးဟယ် ဆင်လိုက်တာ"
"အေးဟယ် အောင်မလေး sixpack တောင်ရှိလောက်တယ်ဟေ့"
"ချောကလဲချောတောင့်တောင့်ဖြောင့်ဖြောင့်ဆိုတော့ငါရဲ့အနာဂတ်သတို့သားလောင်းပဲနေမှာ"
သံစဉ်နှင့်နွေနှောင်းတို့မှာ ဘူမိဗေဒ ဆောင်ရဲ့အလယ်ထပ်တွင်လမ်းလျောက်သွားသော ကောင်လေးတစ်ယောက်အား အဆောင်ရဲ့ အရှေ့ပန်းခြံငယ်ခုံတန်းလေးမှချောင်းလျက်ဆိုနေကြခြင်းပင်။
"ဟဲ့ကောင်မတွေ"
"အောင်မလေးဟဲ့မေတ္တာထားအဆင်လေးနဲ့ငါနဲ့ညား"
သံစဉ်မှာရင်ဖက်လေးဖိလျက်ဆိုသည်။
"အောင်မလေးအဆင်နဲ့ပဲညားရမည်ရှိသေး"
"နင်တို့ကဘယ်လိုဖြစ်လို့ရောက်လာတာလဲ"
"အဲ့စကားကငါတို့မေးရမှာလေ နင်တို့ကငါတို့Majorရှေ့ရောက်နေပြီးတော့"အငယ်လေးနဲ့အတူဘေးနားကထက်မြတ်သူကသူ့တို့နှစ်ယောက်အားကြည့်ကာဆိုလာသည်။
ထက်မြတ်သူမှာ စံထားသူရဲ့အမွှာအကိုပင်။
"နင်တို့ကလဲဟာ ငါတို့ကဒီဘက်မှာကျောင်းရဲ့ရာသီဥတုသာယာလားလို့လာကြည့်တာ ဟုတ်တယ်နော်သံစဉ်"
နွေနှောင်းမှသံစဉ်အား တံတောင်ဖြင့်တွတ်လျက်ဆိုသည်။
"ဟဲဟဲ ဟုတ်တာပေါ့ နွေနှောင်းရယ် မဆိုးဘူးနော် ကောင်းကင်ကြီးကြည်လင်လို့"
"အေးပါအေးပါ လုပ်ထားကြပါဒါနဲ့ စံထားသူရော"
"ထက်မြတ်ရယ် နောက်မှာ ပါလာ အဲ..ဘယ်ရောက်သွား"
သံစဉ်တို့မှာခုမှ နောက် ကိုကြည့်၍ စံထားမပါမှန်းသိတော့သည်။
"ဟဲ့ငါတို့နောက်ကလိုက်လာတာကို"
(နွေနှောင်း)"အေးလေ ခုနကထိရှိပြီး"
(သံစဉ်)"နေပါစေတော့ ဒါနဲ့နင်တို့နေ့လည်စာစားပြီးပြီလား"
(အငယ်လေး)"စားပြီးးသွား"
နွေနှောင်းပြန်ဖြေ၍မဆုံးသေးခင်အဆင်အသစ်မှာသူတို့ ရှေ့ကနေဖြတ်၍ကန်တင်းဘက်သို့လျောက်သွားလေသည်။
YOU ARE READING
𝘛𝘩𝘦 𝘙𝘢𝘪𝘯𝘥𝘳𝘰𝘱𝘴 𝘖𝘧 𝘝𝘪𝘰𝘭𝘪𝘯
Romanceတို့ရဲ့အချစ်တွေကိုဆေးလိပ်အဖြစ်တန်ဆာဆင်ရင် အငွေ့အသက်တွေကြားမင်းမွန်းကြပ်မှာပေါ့မောင်