အပိုင်း(၄)

405 33 6
                                    

"မိုးစက်ရယ် စိတ်ပူလိုက်ရတာ အဲ့တာကြောင့်ပြောတာဗျာ အဲ့အပျိုကြီးကဘာကြီးမှန်းမသိဘူး"

အငယ်လေးမှာ မိုးစက်အားစိတ်ပူစွာနဲ့ကြည့်ကာ နေနွယ်ပျိုအားလဲအပြစ်များပုံချလျက်ပင်။

"အေးလေကွာ ဘာအပြစ်မှလဲလုပ်ထားတာမဟုတ်ပဲနဲ့ ဒီအချိန်ကြီးကျောင်းပတ်ခိုင်းရတယ်လို့ ကျောချမ်းစရာကွာ"

ကိုရွှေမှာတော့ ကုတင်ပေါ်ကအိပ်ယာထဲမှာဆိုလာသည်။သူ့ပုံစံမှာသရဲကြောက်တတ်ပုံပင်။

"ဟျောင့် မိုးစက်မင်းကပြုံးပြုံးကြီးဘာဖြစ်နေတာလဲ"
(အငယ်လေး)

"ဗျာ ကျွန်တော်"
(မိုးစက်)

"ဟျောင့် မင်းမူတော့မှန်ပါတယ်နော် ငါလန့်လာပြီ ပြုံးပြုံးကြီး"
(ကိုရွှေ)

"မဟုတ်ပါဘူး ကိုရွှေရာ စိတ်ဝင်စားလို့ပါ"
(မိုးစက်)

"ဘာကိုစိတ်ဝင်စားတာလဲ"
(ကိုရွှေ)

"နေနွယ်ပျို ဆိုတဲ့သူ့အကြောင်း"

"ဘာ~~"
__________________
မိုးစက်တစ်ယောက်တစ်ညလုံးအိပ်မ‌ပျော်ခဲ့ပါ။တရားခံမှာ မနေ့ညကလရောင်အောက်မှာကြွေကျနေသော ခရေပန်းတစ်ချို့ကိုကောက်ယူနေသောအမျိုးသမီးတစ်ဦးကြောင့်ပင်။

"မိုးစက်တို့တွေနဲ့လိုက်မှာလား"
(နွေနှောင်း)

"မဟုတ်ဘူးကျွန်တော် ကိုရွှေတို့နဲ့သွားမှာ"
(မိုးစက်)

"ဒါနဲ့မိုးစက် ညက Tutor နေနွယ်ပျိုရဲ့ lessonမိခဲ့တယ်ဆို"
(သံစဉ်)

"ဟုတ်တယ်ဗျ"
(မိုးစက်)

"စိတ်တော့မရှိနဲ့မိုးစက်ရေ သူက ဒီတစ်ဆောင်လုံးနဲ့တောင်တည့်တာမဟုတ်ဘူး"
(နွေနှောင်း)

"ဘာဖြစ်လို့လဲသူကတော်တော်ဆိုးလို့လား"
(မိုးစက်)

"အဲ့လိုတော့လဲမဟုတ်ဘူးမိုးစက်ရ Tutorပျိုက အနေအေးတယ် ဘယ်သူနဲ့မှလဲသိပ်အရောမဝင်ဘူး ပြောရမယ်ဆို သူ့ဘာသူတစ်ယောက်ထဲရှင်သန်ချင်နေတဲ့ ကျောက်တုံးလိုလူစား"
(သံစဉ်)

"ဒါပင်မဲ့အဲ့ကျောက်တုံးကြီးနည်းနည်းပဲ့ဘူးတယ်မလား သူ့နှလုံးသားမှာကွဲရာကြီးနဲ့"
(နွေနှောင်း)

𝘛𝘩𝘦 𝘙𝘢𝘪𝘯𝘥𝘳𝘰𝘱𝘴 𝘖𝘧 𝘝𝘪𝘰𝘭𝘪𝘯Where stories live. Discover now