ပြောမထွက်ပေမယ့်
မင်းကို
တကယ် သိစေချင်ခဲ့ပါတယ်။ဆုပ်ကိုင်ထားချင်ပေမယ့်
ကျောခိုင်းလိုက်ရတဲ့ အခိုက်အတန့်တွေ ...
တစိမ့်စိမ့် ကြည့်နေချင်ပေမယ့်
ကွယ်ရာကနေ ခိုးငေးခဲ့ရတဲ့ ကာလတွေ ...
မျက်နှာချင်းဆိုင်ပြီး စကားတွေ ပြောချင်ပေမယ့်
ဟန်ဆောင်ပြီး ခပ်တန်းတန်း
နေခဲ့ရတဲ့ အချိန်တွေ ...ဒါတွေအားလုံးက
မင်းကို ထိခိုက်မှာ စိုးလို့ဆိုတာ
မင်း နားလည်ရင်
သိပ်ကောင်းမှာပဲ။
YOU ARE READING
You are my essential Thaw 💕
Poesíaသော့်ကို ပေးမယ်လို့ ရည်ရွယ်ပြီး ရေးထားတဲ့ ကဗျာစာအုပ်လေးတစ်အုပ် ရှိတယ်။ စာအုပ်လေးကို ဒီလိုနာမည်ပေးထားတယ်။ 'You are my essential'တဲ့ သော်... အဲ့စာအုပ်လေးထဲမှာ ကိုယ်တိုင်ရေးထားတဲ့ ကဗျာလေးတွေ ပါသလို ကိုယ့်ခံစားချက်နဲ့ တိုက်ဆိုင်လို့ အရမ်းသဘောကျရတဲ့ ကဗျ...