Poem 14

137 3 0
                                    

ချစ်ခြင်းတရားမှာ
မေတ္တာလေး ထပ်ဖြည့်လိုက်တော့
ဒီလူသားလေးက ကိုယ့်အပိုင်
မဖြစ်နိုင်မှန်း သိပေမယ့်
ပိုင်ဆိုင်ချင်တဲ့ အတ္တကြောင့်
မပူလောင်ရတော့ဘူး ...

သူ့စိတ်လေး အေးချမ်းစေချင်တယ်
ပျော်ရွှင်မှုလေးတွေ ဖန်တီးပေးချင်တယ်
သူလိုအပ်မယ် ထင်တာလေးတွေ
အလိုက်တသိ ဖြည့်ဆည်းပေးချင်တယ်
သူဝမ်းနည်းတဲ့အခါ မှီခိုရာ, ရင်ဖွင့်ဖော်ဖြစ်ပေးချင်တယ်
သူ မကျန်းမာတဲ့အခါ ပြုစုပေးချင်တယ်
ဒီလောက်ပါပဲ...

ဘဝမှာ ပထမဦးဆုံးနဲ့ တစ်ဦးတည်းသော
မြတ်နိုးမိသူက ထာဝရ မင်းပဲမို့
သစ္စာတရားဆိုတာ ကိုယ့်လက်ဆောင်ပါ ...

၇နှစ်တာ ကာလမှာ
ကိုယ့်မေတ္တာတွေက မပြောင်းလဲခဲ့တာမို့
ခဲမှန်ဖူးတဲ့ စာသူငယ်လို
ချစ်ခြင်းတရားကို ကြောက်ရွံ့နေရင်တောင်
ကိုယ့်မေတ္တာတွေကိုတော့
မင်းကြည့်လို့ မြင်နိုင်ပါစေ... 💌

                                   Alina Thu

You are my essential Thaw 💕Where stories live. Discover now