💔💔💔

128 7 0
                                    

လွန်ခဲ့တဲ့ ၃နှစ်တုန်းက
"မတန်တရာ ရာရာစစ"ဆိုတဲ့ စကားနဲ့
စိတ်ကိုသတ်ခဲ့တယ်
ဒါကိုပဲ အမှတ်မရှိ၊ စိတ်မနာနိုင်ဘဲ
ဘေးနားမှာ ဆက်ပြီး ရှိနေ‌ပေးခဲ့တယ်...

အခုတခါ
"မနူးမနပ်‌လေးပါ"ဆိုပြီး
ကိုယ့်ကွယ်ရာမှာ ကိုယ့်မေတ္တာတွေကို
နှစ်ဦးသား ပျက်ရယ်ပြုကြပြန်တယ်...

ဘေးနားကနေ သိနေပေမယ့်
မသိချင်‌ယောင် ဆောင်ပြီး နေပေးခဲ့ရတာ
ဘယ်လောက် နာကျင်ရလဲဆိုတာ
သိမှာ မဟုတ်ပါဘူး...

ကျေးဇူးတင်ပါတယ်
ကိုယ်မဟုတ်တဲ့ တခြားတစ်‌ယောက်ကို
ရွေးချယ်သွားလို့ ...
အခုတော့ ပြတ်ပြတ်သားသား
စွန့်လွှတ်နိုင်ခဲ့ပါပြီ...

အရင်တုန်းက တွေးခဲ့တာ
သူပြန်မချစ်ရင်တောင် ကိုယ်ကတော့
မေတ္တာတွေ ပေးနေဦးမှာ ဆိုပြီးတော့ပေါ့
ဒါပေမယ့် ကိုယ့်မေတ္တာတွေကို
အကြိမ်ကြိမ်အခါခါ ပျက်ရယ်ပြုခံခဲ့ရတဲ့အခါမှာတော့
ကိုယ့်ဖက်က ရုတ်သိမ်းလိုက်တာ
မမှားပါဘူးနော်...

                    Alina Thu

You've reached the end of published parts.

⏰ Last updated: Jun 24 ⏰

Add this story to your Library to get notified about new parts!

You are my essential Thaw 💕Where stories live. Discover now