မိုးစက်မိုးပေါက်များသည် ဆိုးလ်ရဲ့
လမ်းမကြီးထက်၌ တစ်ဖွဲဖွဲ တစ်ဖြောက်
ဖြောက် နှင့်ပင် ကြွေကာ ကျနေသည်၊၊
အချိန်အားဖြင့် မနက် 8 နာရီ ရှိပြီ၊၊ကျွန်တော်တို့ စီးနှင်လာသည့် ဘက်စ်ကား
သည် သူ့ မှတ်တိုင်ရောက်သည့် အခါ
ထိုးရပ်လိုက်တော့ ဘတ်စ်ကား ဂိတ်တွင်ထိုင်
စောင့်နေသော အထက်တန်းကျောင်းသူလေးများ
လေးယောက် အဖွဲ့ ထွက်လာကာကားအပေါ်
တက်လာကြသည်၊၊ မိုးရာသီကို ဘာရယ်
ကြောင့် ထီးမဆောင်ထားသည်လဲ မသိ၊၊
အခုခေတ်ကလေးတွေများ နားလည်ရသိပ်
ကိုခက်သည်၊၊ မိုးစက်မိုးပေါက်တွေကြား
ပြေးလွှားကာ တက်လာပြီး မိုးဖွဲ မိုးမှုန်တွေ
ကပ်ငြိနေသော ကျောင်းယူနီဖောင်း အား
လက်နှင့် သပ်ချကာ ဖွဖွခါထုတ်နေသည်၊၊
စိတ်ဝင်စား၍ လိုက်ကြည့်နေတာ
မဟုတ်ပေမဲ့ ဘေးတစ်ခြမ်းမှ
ခုံလွတ်မှာ ထိုင်နေသည်မို့ မျက်ဝန်း
ထောင့်မှ အကုန် မြင်နေရသည်၊၊" အာ .... ငါ့ စာအုပ်ကလေး မိုးရေတွေ
စိုကုန်ပြီလား မသိပါဘူး ၊၊
လက်မှတ်... လက်မှတ်ကလေး ပျက်သွားရင်
ဘယ်လို လုပ်ရပါ့မလဲ ၊၊ ဒီဟာ ရဖို့ကို
မနက်အစောကြီး သွားစောင့်ခဲ့ရတာ၊၊ "" နေပါအုံး ... ဒါက ဒါက ....."
" စာရေးဆရာ Jeon __ Jk ရဲ့ အသစ်ထွက်
တဲ့ စာအုပ်ပဲ ၊၊ စာအုပ် နာမည်က
" The Rain ( သည်မိုး) " တဲ့လား
ရား... ခဏလေး ကိုင်ကြည့်ပါရစေအုံး ၊၊တစ်ဖက်က ကျောင်းသူမလေးတွေ ပြောသံ
အား အသာနားစွင့်နေမိသည်၊၊" အာ .... ဒါနဲ့ ဆရာက ဘယ်တော့မှ လူလုံးထွက်
ပြမလဲ မသိဘူးနော် ...ငါလေ ဆရာ့ကို
တစ်ကယ် မြင်ဖူးချင်တာ မြင်ဖူးချင်လွန်းလို့
ရူးတော့မယ်် ထင်တယ် ...""ငါရော ငါရော ...."
" ဆရာ့ကို တစ်ကယ် မြင်ဖူးချင်တာ
မနက်ကလဲ ဆရာ့ စာအုပ်အသစ်
ရောင်းချပွဲမှာ လူတွေကိုမှ အဆမတန်ပဲ
သိလား၊၊ ဆရာ့ကိုများ တွေ့ရမလားလို့
လာ ခဲ့ကြတာထင်တယ် ၊၊ ငါရော ဆရာ့ကို
တွေ့ချင်လို့ သွားစောင့်ခဲ့တာ ၊၊ လက်မှတ်ထိုး
ထားတဲ့ စာအုပ်တောင် ဆရာက 10 အုပ်ပဲ
လက်ဆောင် ပေးခဲ့တာ၊၊ဒါတောင်လေ
ငါစုံစမ်းခဲ့တာ ဆရာ့သူငယ်ချင်းကို
ဆရာက သူ့ကိုယ်စားလက်မှတ်ထိုး
ပြီးသား စာအုပ်တွေ လာပို့ခိုင်းခဲ့တာတဲ့၊၊
အဲ့မှာ တုန်းက အစ်ကိုကြီး တစ်ယောက်နဲ့
ငါနဲ့တောင် နည်းနည်းစကားများကြသေးတယ် ၊၊
ဟီး " .....
သူကလဲ ဆရာ့ပရိတ်သတ်ပဲ လက်မှတ်ထိုး
တာတဲ့ စာအုပ်ကို ငါနဲ့ လာလုတာလေ ၊၊
ရုပ်ကတော့ တစ်ကယ်ကို ချောလိုက်တာဟယ်
အရမ်း ....အရမ်းပါပဲ ၊၊"
တော်သေးတယ် အဲ့အစ်ကို အတွက် လက်မှတ်ထိုးပြီးသား စာအုပ်တစ်အုပ်က
သီးသန့်ကျန်နေသေးလို့၊၊ "
YOU ARE READING
𝐓𝐡𝐞 𝐑𝐚𝐢𝐧 // ☔🌿 (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆 ✔)
Fanfiction" ခင်ဗျား တို့မမြင်နိုင်တဲ့ သက်ရှိလေးကိုချစ်မိရုံပါ၊၊ ကျွန်တော် အရူး မဟုတ်ဘူး ....၊၊ ☔🌿၊၊