𝓓 𓂃♡

628 88 62
                                    


အကိုနဲ့ အတူအပြင်က ပြန်ရောက်တဲ့
နေ့ကတည်းက ကျွန်တော် နေလို့
ကောင်းလာသည်၊၊ စိတ်ထဲတွင် စွမ်းအား
တစ်ခုအား ခံစားလာရသလို ကျွန်တော်
အားတွေ ပြည့်လာသည်၊၊ သရဲ ရုပ်ရှင်တွေ
လည်း ကျွန်တော် ကြည့်တုန်းပဲ၊၊
တစ်ခုခုကို အာရုံစိုက်ပြီး ထိတွေ့မှု ပြုလုပ်ဖို့
စိတ်တည်ငြိမ်နေစေရန် ကျွန်တော် အကို မရှိတဲ့
အချိန် တရားအားထုတ်ခဲ့သည်၊၊
အလှူလုပ်ပြီးခဲ့သည့် နေ့ကတည်းက
ကျွန်တော် တကယ် နေလို့ ကောင်းလာသည်၊၊

🤍✨

" အကို ဒီနေ့ အပြင်မသွားဘူးလား ၊၊ "

"ဟင့်အင်း ၊၊ "

အိမ်နေရင်း အဝတ်အစားများဖြင့် အကိုသည်
လက်ထဲတွင် မုန့်ထုပ် တစ်ပွေ့တစ်ပိုက်နှင့်၊၊
မျက်မှန် အကြည်လေးကလည်း မပါမဖြစ်
တပ်ထားသေးသည်၊၊

" အော် .... ၊၊ "

" သရဲကားကြီး ကြိုက်တာလား ဂျင်နီ ၊၊ "

အကိုက တီဗွီအား တစ်ချက်ကြည့်ကာ
ပြောလည်းပြော ကျွန်တော်၏
တစ်ဖက်၌ ရှိသော ဆိုဖာလ်ခုံပေါ်သို့
ဝင်ထိုင်သည်၊၊

" ခင်ဗျာ ၊၊ "

" မင်းနဲ့ အတူ ရုပ်ရှင် ကြည့်မလို့လေ ၊၊
ကားက ဘာလို့ သရဲကား ကြီး
ဖြစ်နေရတာလဲလို့ ၊၊"

" အော် အဲဒါက ကျွန်တော် ...
အင်း .. သရဲကားက စိတ်ဝင်စား
စရာကောင်းပြီး ပျော်စရာကောင်းလို့
အပျင်းပြေကြည့်တာပါ၊၊ "

ကျွန်တော့် အဖြေကြားတော့ အကိုသည်
နှာခေါင်းလေး တစ်ချက် ရှုံ့ပြသည်၊၊
လက်ထဲက အာလူးကြော်ထုပ်ထဲက
အာလူး ချောင်းတွေကိုတော့ တမြုံ့မြုံ့
နှင့် ဝါးနေဆဲ၊၊ အကို့ရဲ့ အကြည့်တို့သည်
တီဗွီ ဆီသို့ ပို့ထားလိုက်ပြီ၊၊

" အကိုက သရဲတွေဆို သဘောမကျဘူးလား၊၊ "

ကျွန်တော် ဒီအဖြေကို အရမ်းသိချင်သည်၊၊
ထို့ကြောင့် ကျွန်တော် အရဲစွန့်ကာ မေးလိုက်သည်၊၊

" အဟွတ် ... အဟွတ် ... ဘာ .. ဘာကြီး ၊၊ "

ဂျင်နီရဲ့ ထူးဆန်းတဲ့ အမေး အဆုံး
ကျွန်တော့်မှာ အာလူးကြော်ပါ
သီးသွား ရသည် ၊၊

𝐓𝐡𝐞 𝐑𝐚𝐢𝐧  // ☔🌿 (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆 ✔)Where stories live. Discover now