𝓣𝓱𝓮 𝓕𝓲𝓷𝓪𝓵

1K 95 81
                                    

" ကြည့်လို့ပြီးရင် ငါ့ကို
စကားပြန်ပြောလေ ဂျောင်ဂု
အရူးလို ပြုံးမနေပဲတစ်ခုခု
ပြန်ပြောလို့ ...! ၊၊ "

ပုံတွေကို မြင်တော့ ကျွန်တော်
ထိုနေ့က အကြောင်းတွေ စဥ်းစား
မိပါသည်၊၊ သူ့အကြောင်း တွေးနေရင်ကို
ပြုံးလာတာသည် အချစ်ရဲ့ စွမ်းအား
တစ်ခုပဲ ထင်ပါသည်၊၊ အခုလည်း ပြုံးနေ
မိပြန်ပြီ ထင်ပါရဲ့ မင်ယွန်းဂီရဲ့ အသံ ခပ်ဆူး
ဆူးက နားထဲသို့ ဝင်လာသည်၊၊

" ဘာပြောရမှာလဲ ယွန်းဂီရယ်...
မင်းအတွေးတွေထဲမှာ ရှိနေတာတွေက
မှန်ပေမယ့် တစ်ကယ့် အဖြစ်အပျက်က
အဲလောက်လည်း မရိုးရှင်းပြန်ဘူး၊၊
ငါ ပြောပြရင်လည်း မင်းယုံမှာ မဟုတ်ဘူး ၊၊
မင်းက ငါ့ကို ရူးနေတယ်ပဲ မြင်အုံးမှာပဲ
အဲတော့ .....

" အေး မင်းက ရူးနေတာ
မင်းချစ်တဲ့ ဟာက
တစ်ကယ် မရှိဘူး မင်း သိလား
ဟမ် ... ရှိရင်ပြ ငါ့ကိုပြ
ဘယ်မှာလဲ ယုံပေးမယ် !
ဘယ်မှာလဲ ..... "

" .............."

" ကျစ် ! ဂျောင်ဂု - ah ငါ့ စကားကို
မင်း နားထောင်စမ်းပါကွာ
အဲဒါ ပုံရိပ်ယောင်ကြီး မင်းကိုညာ
နေတာ မင်းစိတ်ကို လှည့်စားနေတာ၊၊
မကြာခင် ဒေါက်တာနဲ့ တိုင်ပင်ကြီး
ကုလိုက်ရင် ကောင်းသွားမှာနော်၊၊
သူငယ်ချင်း ငါတို့ ဒေါက်တာဆီ
သွားရအောင်နော် မင်းရဲ့ အမြင်အာရုံ
ထဲမှာ သူ့ကို ပျောက်သွားအောင်
ဒေါက်တာက ကူညီပေးလိမ့်မယ်၊၊
မင်း ရုန်းထွက်လာရမယ် ဂျောင်ဂု !
ဒီလို လုပ်မနေပဲ ငါနဲ့ အတူ လိုက်ခဲ့ပါ .. !

မင်ယွန်းဂီသည် ကျွန်တော့်အား
ကုသမှုခံယူရန် နားချသည်၊၊
ကုသလိုက်လို့ မဖြစ် ၊၊
ဘယ်လိုနည်းနဲ့မှ ကုသရန်
သဘောမတူနိုင်ပါ၊၊
ကျွန်တော် မရူးဘူး ၊၊

" မလိုက်ဘူး ကုသလိုက်ဖို့ အစီအစဉ်
မရှိဘူး ၊၊ မင်း မမြင်ရပေမယ့် ငါမြင်ရတယ်
မင်း ချစ်ကြည့်လို့ မရပေမယ့် ငါက ငါက
ချစ်တာမှ အရမ်း အရမ်းပဲ ... ၊၊
ပြီးတော့ သူက တစ်ကယ် ရှိတယ်
မကြာခင် ပြန်ကောင်းလာမှာ ၊၊
ဒီစကားကို နောက် မပြောမိစေနဲ့
မကုသဘူး ၊၊ ဂျင်နီ့ ကိုငါ့အနားက
ထွက်သွားဖို့ စေခိုင်းနေတဲ့လူမှန်
သမျှ ငါ့ရန်သူပဲ၊၊ မင်းလည်း ဆက်ပြော
နေရင် ငါလည်း မင်းကို ထပ်မတွေ့တော့ဘူး ၊၊

𝐓𝐡𝐞 𝐑𝐚𝐢𝐧  // ☔🌿 (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆 ✔)Where stories live. Discover now