𝓒 𓂃♡

577 86 53
                                    


ဒီနေ့ အကိုသည် ထုံးစံအတိုင်း သူ့ အလုပ်
သို့ သွားသည်၊၊ သူကတော့ အိမ်မှာ တစ်ယောက်
တည်း၊၊ အကိုက တစ်နေကုန် အလုပ်သွားပြီး
မိုးချုပ်ကာနီးမှ ပြန်လာလေ့ရှိသည်၊၊
အလုပ်မသွား တဲ့ နေ့တွေမှာလည်း အကိုက
သူ့အခန်းထဲပဲ သူနေကာ အလုပ်လုပ်သည်၊၊
အကိုသည် ဆူညံတာ မကြိုက်၊၊
ထို့ကြောင့် ကျွန်တော်လည်း အလိုက်တသိ
ငြိမ်နေပေးခဲ့ပါသည်၊၊ အကိုအိမ်မှာရှိရင်
အကိုစိတ်ရှုပ်မှာစိုးလို့ ကျွန်တော် အပြင်ဘက်
ကို လမ်းလျှောက်ထွက်တာတို့ လုပ်တတ်သည်၊၊
ကျွန်တော် ကိုယ်တိုင်လည်း အကို့ကို ရှောင်ပါသည်၊၊

အကိုနဲ့ ကျွန်တော်ကြားက ဆက်ဆံရေးက
ဘာသိဘာသာ ပါပဲ၊၊ အစပိုင်းတုန်းကတော့
ကျွန်တော် အကိုနဲ့ ရင်းနှီးဖို့ စကားတွေ
အများကြီးပြောခဲ့ဖူးပေမယ့် အကို ကစိတ်ရှုပ်
သည် ထင်ပါသည်၊၊ ဒါ့ကြောင့်ကျွန်တော်
လည်း နောက်ပိုင်း အလိုက်တသိ တိတ်တိတ်
လေးနေကာ အမြဲပဲ ခိုးကြည့်နေမိတော့သည်၊၊

အကို စိတ်ရှုပ်မှာ ဆိုးလို့ စကားအများကြီး
မပြောတော့တာထက် အကို က ကျွန်တော်
ဘယ်သူ ဆိုတာ ရိပ်မိသွားမည် ဆိုး၍ ကျွန်တော့်
ဘက်က ခိုးကြည့်ကာသာ ရှောင်နေခဲ့တာ၊၊

စိတ်မရှည်တတ်တဲ့ အကို့ကိုလည်း
အိမ်အပြန်နောက်ကျသည့်အခါ ဘာလို့
နောက်ကျတာလဲလို့ ကျွန်တော် အရဲစွန့် မေးဖူးပါသည်၊၊ အကိုက ပြန်ပြောတာတော့ မင်းက
စကားများလို့တဲ့၊၊ အကို့ကို ပထမဆုံး
ကျွန်တော် မြင်ကတည်းက အားကိုးသည့်
စိတ်တို့က ကိန်းအောင်းခဲ့တာ၊၊ အကို နဲ့ဆို
လုံခြုံမယ် ဆိုတဲ့ စိတ်တို့က အကို့ကို
ဘယ်သူမှန်း မသိခင်ကတည်း ကျွန်တော်
ခံစားခဲ့ရတဲ့ ခံစားချက်ပင်၊၊

" ကျွန်တော် အကို့ကို သဘောကျတယ် ၊၊"

ဒါပေမယ့် ဒါဟာ မဖြစ်နိုင်ဘူး ၊၊
အကို့ကို ကျွန်တော် သဘောကျလို့
ရပေမယ့် ချစ်တယ် ဆိုတဲ့ အကြောင်း
ကိုတော့ အကို သိအောင် ဖွင့်ပြောလို့ မရဘူး၊၊
ကျွန်တော်က အကိုနဲ့ ဘဝ မတူဘူး၊၊
အကို မသိပေမယ့် ကျွန်တော် သိသည်၊၊

ကျွန်တော် အကို့ကို ချစ်လို့ မရဘူး ၊၊

___________________ 🌿💚

𝐓𝐡𝐞 𝐑𝐚𝐢𝐧  // ☔🌿 (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆 ✔)Where stories live. Discover now