🌿💚
မနက်လင်းကတည်း မိုးတွေက ရွာနေပြန်တာပဲ၊၊
ကောင်းကင်ကြီးအား မော့ကြည့်တော့
မှိုင်းညို့ညို့ နှင့်၊၊ ကြည့်၍တော့ လှသည်၊၊
သိုပေမယ့် သဘောကျစရာတော့ မကောင်း၊၊ကျွန်တော် မိုးရာသီကို သဘောမကျတော့တာ
အတော်ကြာပြီ၊၊သို့ပေမယ့် မိုးစက်တွေကို မြင်ရင်
ထိတွေ့မိချင်တုန်း၊၊ တစ်ချိန်က သူနဲ့
အတူလုပ်ခဲ့သလိုမျိုး ၊၊ဟူး ....၊၊
ကိုယ်တောင် မသိလိုက်ခင်အချိန်မှာပဲ
တိတ်တဆိတ် ဝါသနာပါသွားတဲ့
အကျင့်တို့က ဖျောက်၍ မရတော့ ၊၊
ကိုယ့်စိတ်ကိုယ် မလွန်ဆန်နိုင်သည်မို့
ထီးကို ဆွဲဖွင့်ကာ တံစက်မြိတ် အရှေ့
သို့ ထွက်ရပ်လိုက်သည်၊၊
သစ်ရွက် စိမ်းစိမ်း ပေါ်သို့ ဖြတ်သန်း
စီးဆင်းလာသော မိုးရေစက်တို့သည်
ကြည်လင်နေသည်၊၊ ကောင်းကင်ကြီးကို
မော့ကြည့်တော့လည်း ရေစက်တွေက
အဆက်မပြတ် ကျနေဆဲပင်၊၊ဘယ်လောက်ပဲ ကျွန်တော် သူ့ကို
မေ့နိုင်ပါပြီ ပြောပြော ဒီအချိန်ရောက်ရင်တော့
လွမ်းရဆဲပါပဲ ၊၊ အချိန်တန်လို့ သံသရာတစ်ကွေ့
မှာ ပြန်ဆုံဖြစ်ခဲ့ရင် ကျွန်တော့် စိတ်ကူးများသာ
မှန်ခဲ့ရင် သူသာ လောကကြီးရဲ့ တစ်ထောင့်
တစ်နေရာ မှာ အသက်ရှင်နေခဲ့ရင် သူ့ကို နောက်
တစ်ကြိမ်သာ ပြန်တွေ့ခွင့်ရခဲ့ရင်
သူ့ရဲ့ မျက်ဝန်းများကို သေသေချာချာလေး
ကြည့်ကာ တစ်ခုတော့ ပြောချင်သေးသည်၊၊
" သတိရနေခဲ့ပါတယ်လို့ ..... "ဟုတ်ပါတယ် ကျွန်တော်
အရမ်းလွမ်းနေခဲ့တယ် ၊၊ "ဝေ့ဝဲလာသော မျက်ရည်စများအားလည်း
မသုတ်မိခဲ့ ၊၊ မျှော်လင့်ချက် သေးသေးက
သူများ လာ၍ သုတ်ပေးမလား စောင့်နေသည်
ထင်ပါသည်၊၊ အဲဒီ မျှော်လင့်ချက်လေးနှင့်
ကျွန်တော် ငိုခဲ့ရတဲ့ ၃ နှစ်လုံး လုံး မျက်ရည်တွေကိုမသုတ်မိခဲ့ဘူး ၊၊
ဒါပေမဲ့ သူဟာ အပုန်းကောင်း
တယ်ဗျ .....၊၊ တစ်စက်ကလေးမှ ကျွန်တော့်
အရှေ့အား ပေါ်မလာခဲ့ပါဘူး ၊၊ဂျင်နီက ကလေးသိပ်ဆန်သည်၊၊
အခုလည်း ကျွန်တော်မမြင်အောင်
ရှောင်ပုန်းနေပြန်ပြီ၊၊
ဘာတွေကစားနေသည်လဲ မသိပါ၊၊
သူကစား နေကျ
ပုန်းတမ်း ဝှက်တမ်း ကစားနည်းက
ဒီတစ်ခါတော့ တစ်ကယ်နာကျင်ရပါသည်၊၊
ကျွန်တော့်မှာ သူ့ကို ရှာလို့ အခုထိ မတွေ့သေးဘူး၊၊
YOU ARE READING
𝐓𝐡𝐞 𝐑𝐚𝐢𝐧 // ☔🌿 (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆 ✔)
Fanfiction" ခင်ဗျား တို့မမြင်နိုင်တဲ့ သက်ရှိလေးကိုချစ်မိရုံပါ၊၊ ကျွန်တော် အရူး မဟုတ်ဘူး ....၊၊ ☔🌿၊၊