𝓣𝓱𝓮 𝓯𝓲𝓷𝓪𝓵 𓂃 𝓐

618 82 54
                                    

🤍✨

" မင်း အခုတလော ဘာတွေ လုပ်နေတာလဲ
ဂျောင်ဂု ... ! "

" ငါက ဘာလုပ်လို့လဲ ? "

ကော်ဖီဆိုင် တစ်ဆိုင်တွင် ဖြစ်သည်၊၊
ဂျောင်ဂုရဲ့ သူငယ်ချင်း မင်ယွန်းဂီသည်
ရူးရူးရှဲရှဲဖြင့် ဒေါသသံနှင့် ပြောနေသော်လည်း
ဂျွန်ဂျောင်ဂု က အေးအေးဆေးဆေး ပင်၊၊
မှာထားသော ကော်ဖီခွက်အား ဇွန်းနှင့်မွှေကာ
မင်ယွန်းဂီကို လျစ်လျှူရှု လျှက် ၊၊

" ဘာကို ဘာမှ မလုပ်တာလဲ ဟမ် ၊၊
မင်းကို လူတွေက အရူးလို့ ထင်နေကြတာ
ကို မင်းက ပျော်နေတာလား ဂျွန်ဂျောင်ဂု
သတိကပ်စမ်းပါ၊၊ သူများတွေ ပြောတာ
မယုံလို့ ငါကိုယ်တိုင် မင်းအနောက်ကို
လိုက်ချောင်းနေတာ မင်းသိလား ၊၊
တောက်ခ် ! မင်း သတိကပ်စမ်း ဟေ့ကောင် !

" ဘာ အရူးလဲ !?
ငါက ဘာဖြစ်နေလို့လဲ ?"

ကျွန်တော် သိပါသည် မင်ယွန်းဂီ ဘာပြော
လည်း ဆိုတာ ၊၊ သို့ပေမယ့် ထိုအမှန်တရား
အား ကျွန်တော် လက်မခံချင်၊၊ဒါကြောင့်
မသိချင်ယောင်ဆောင်သည်၊၊ ဘာဖြစ်လဲ ?

" မင်း မသိရင် ငါက သိအောင်
ပြပေးရမှာပေါ့ ! 
ရော့ !!!  အဲ့မှာကြည့် မင်း အရူးထ
ထားတွေကို မြင်အောင်ကြည့် ၊၊"

ဂရုဏာဒေါသော အသံတို့သည်
ကော်ဖီဆိုင်  အတွင်းတွင် တစ်စတစ်စ
ပို၍ ကျယ်လောင်လာသည်၊၊
ဘေးဝိုင်းက လူများကာ ကြည့်လာသည်
အထိ၊၊

စိတ်တိုင်းမကျဘူး လုံးဝ ၊၊ မစာနာနိုင်တာ
မဟုတ် ကောင်းစေချင်တာ၊၊
မင်းကို ကောင်းစေချင်တာ အမှန်မြင်စေ
ချင်တာ ဂျောင်ဂု ၊၊ ဒီပုံရိပ်ယောင်ထဲမှာ
မင်း နှစ်မြှပ်နေတာ ငါက ဘယ်လို ကြည့်
ရက်မလဲ ?

ထို့နောက် မျက်စိရှေ့သို့ရောက်လာသော
ဓာတ်ပုံ အထပ်လိုက် ၊၊

" ဒါ ဘာလဲ ? မင်းအလုပ်က ဓာတ်ပုံတွေလား
ရှုပ်ရှုပ်ယှက်ယှက်ကွာ ! မင်းရဲ့ ဓာတ်ပုံ
ရိုက်တဲ့ အလုပ်က ဟာတွေ ကိုယ့်ဘာသာ
ကြည့် ၊၊ "

ဘာတွေ ပါမလဲ သိပါသည်၊၊
သေချာအောင် လိုက်ချောင်းထား
တယ် ဆိုကတည်းက ကျွန်တော့် ပုံ
တွေပေါ့ ၊၊သို့ပေမယ့် မကြည့်ချင်ပါ
အမှန်တရားဟာ နည်းနည်း ခါးသည်
ဆိုတာ တစ်ကယ်တော့ မမှန် ၊၊
များများ ခါးတာပါ၊၊  အရမ်း ခါးတာ၊၊
ရူးချင်လောက်အောင် ခါးသည်၊၊
တစ်ခါတလေ သေမလိုပဲ ၊၊

𝐓𝐡𝐞 𝐑𝐚𝐢𝐧  // ☔🌿 (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆 ✔)Where stories live. Discover now