"တီလေး...သားလာတယ်"
ယိုရှီကျောင်းလွယ်အိတ်ကိုကြုံသလို
ပစ်ချလိုက်ပြီးတီတီလေးကိုရှာမိတော့
သည်..."အယ်...ဖြေးဖြေးလာပါသားရယ်"
"ရူတို...ရူတိုလေးကောဟင်
သားညီလေးကော""ရူတိုလေးကအပေါ်မှာအိပ်နေတယ်
သားသွားရင်သွားလေ""ဟုတ်တီလေး"
ယိုရှီအပေါ်ထပ်ကိုအမြန်ပြေးတက်
သွားတော့သည်..."သူငယ်ချင်း...လာထိုင်ဦး"
"အမလေးမောလိုက်တာ
ယိုရှီနဲ့ကိုကျောင်းသွားကြိုတာ
အပြန်ညီလေးနဲ့မတွေ့ရရင်စာလဲ
မကျက်ဘူးထမင်းလဲမစားဘူးဆို
ပြီးရန်လုပ်နေတာညီလေးစီဝင်ပေး
ပါ့မယ်ဆိုတာလဲမယုံဘူးဆိုပြီးဒီမဝင်
မခြင်းအော်နေတာတကယ်နားတွေ
ညီးလို့""ဟားး...နင့်သားကိုမနိုင်တော့ဘူး
မလားငါပြောပါတယ်နောက်ယောက်ျား
ယူပြီးကလေးထပ်မွေးလို့""တော်ပါပြီဟယ်ဒီတစ်ယောက်နဲ့ကို
လက်လန်နေပြီ""ယိုရှီလေးကဒီလိုရူတိုလေးကိုချစ်
တော့လဲကောင်းတာပေါ့ငါတို့ကလေး
တွေအဆင်ပြေနေတာဘယ်လောက်
ကောင်းလိုက်လဲ""ဟုတ်ပါ့..."
"နင့်သားတင်မဟုတ်ဘူးနော်ခုငါ့သား
ကလေသူ့အကိုနဲ့ဆိုပြုံးရယ်လို့
အိမ်ကသူ့အဖေမြှူရင်တောင်မျက်
နှာသေနဲ့မရီချင်ရီချင်ငိုလို့ချော့
ရင်တောင်ကိုကိုလာပြီကိုကိုလာပြီ
ဆိုတာနဲ့မျက်လုံးပြူးနဲ့လိုက်ရှာတော့
တာဘာမှမသိတတ်သေးတာတောင်
သူ့အကိုမှသူ့အကို""ဟားး...ငါတို့မိဘတွေတတိယဘီး
ဖြစ်သွားတာပေါ့""ဟားး...ဟား"
သူငယ်ချင်းနှစ်ယောက်ရီသံတွေ
ဧည့်ခန်းထဲလွှမ်းသွားတော့သည်................................
အခန်းလေးထဲမှာတော့ယိုရှီတစ်
ယောက်သူ့ညီလေးအိပ်နေတာကို
ထိုင်ကြည့်နေသည်..."ရူတိုလေးကချစ်စရာလေး...
ကိုကိုညီလေးကိုချစ်လိုက်တာ"အိပ်နေတဲ့ကလေးလေးပါးကို
အာဘွားလေးခိုးပေးရတာလဲအမော