Part-14

172 29 5
                                    

"သားတို့ပြန်လာပြီလား..."

ကားပေါ်ကဆင်းတာနဲ့မေမေကစီးကြို
နေတာမို့ယိုရှီပြေးဖက်လိုက်သည်...

ဒီသုံးလအတွင်းသူအမေ့ရင်ခွင်ကိုမလွမ်း
ဘူးဆိုညာတာပဲဖြစ်လိမ့်မည်...

"ဟားး...အချွဲလေးလုပ်နေတာပဲ
မအေကိုပစ်ထားပြီးမှ..."

"ကိုကို့မေမေ..."

ရူတိုလဲကားပေါ်ကဆင်းလာပြီးကိုကို့ကို
ရောကိုကို့မေမေကိုပါရောပြီးဖက်ထည့်
လိုက်သည်...

ခုကတည်းကယောက္ခခမကိုဖားထား
ရမယ်မလား...

မကပ်ဖူးပဲလာကပ်နေတဲ့ရူတိုကြောင့်
ယိုရှီမေမေတောင်ကြောင်အအဖြစ်သွား
ရသည်...

ဒီကလေးကဒီလိုအပြုမူမျိုးသူ့ကိုကို
အပြင်တခြားသူကိုလုပ်တာဒါပထမဆုံး
ဖြစ်လိမ့်မည်...

"ရူတိုလေးကအိမ်မပြန်ဖူးလားတီလေး
ကမနေစေချင်လို့မဟုတ်ဘူးနော်
သားမိဘတွေကလဲတွေ့ချင်နေမှာပေါ့"

"မပြန်ဘူးမေမေ့ကိုလှမ်းပြောပြီးသွား
ပြီဒီတစ်ညတော့ဒီမှာပဲအိပ်လိုက်တော့
မယ်လို့"

"ပြောပြီးရင်လဲပြီးတာပါပဲမိဘတွေ
စိတ်မပူရ‌တာပေါ့ကဲကဲအခုနားကြတော့"

"ကိုကို...လာ..."

ယိုရှီရူတိုဆွဲခေါ်ရာနောက်လိုက်မယ်လုပ်
ပြီးမှတစ်စုံတစ်ခုကိုသတိရသွားသည်...

"နေဦး...ရှီဟို...သူကားပေါ်မှာကျန်သေး
တယ်"

လေယာဉ်ပေါ်ကောကားပေါ်မှာကောအိပ်
လိုက်လာတဲ့ရှီဟိုကိုသူမေ့တောင်သွားရ
သည်...

သူပြန်တော့မယ်ဆိုကတည်းကအဖော်
မက်တဲ့ရှီဟိုလေးငိုနေတာသူသိပါသည်...

အဲ့ဒါကြောင့်အလည်လိုက်မလားမေးတာ
နှစ်ခါမမေးရပဲပါလာခဲ့သည်....

"ရှီဟို...ရှီဟိုထတော့လေ..."

"ဟင်...အင်းးး...ရောက်ပြီလား"

ပျင်းကြောတောင်ဆန့်နေတဲ့ရှီဟိုကိုယိုရှီ
ခေါင်းအသာထုလိုက်သည်...

"ရောက်ပေါ့မင်းတစ်လမ်းလုံးအိပ်တာ
ပါလာတာတောင်မေ့တဲ့အထိပဲ"

ကျွန်တော် ကိုကို့ကို.....Where stories live. Discover now