Part-4

181 29 8
                                    

ယိုရှီကားရပ်တာနဲ့တီလေးတို့အိမ်ထဲ
ပြေးဝင်လိုက်သည်...

"ရူတို...ရူတိုလေး"

"ဟင့်...ဟီးး...လာမခေါ်နဲ့"

"ဘာဖြစ်တာလဲရူတိုလေးရဲ့ဘာလို့ငို
နေတာလဲကိုကို့ကိုပြောလေနော်"

တီလေးဖုန်းဆက်ပြောလို့ရူတိုလေး
ဘာကိုကောက်နေလဲယိုရှီသိပြီးသား
ဆိုပေမဲ့မသိချင်ယောင်ဆောင်ပြီး
မေးလိုက်သည်...

"ကိုကိုသိပြီးသားမလားဘာလို့လာ
မေးနေတာလဲ"

ကြည့်သူ့ကလေးလေးကတကယ်လူ
လည်လေး...

"ဟားး...ဟားကိုကိုသိပြီးသားဆိုပေမဲ့
ရူတိုလေးပြောပြတော့ပိုသိတာပေါ့"

"ကိုကို...သားကျောင်းကိုစက်ဘီးနဲ့
သွားချင်တယ်"

"ရူတို...မရဘူးလို့မေမေပြောနေ
တယ်လေ"

"ဟင့်...မရဘူးသွားမှာပဲ"

"တီလေး...သားချော့ကြည့်ပါမယ်"

မအေနှစ်ယောက်အသာလေးသာထိုင်
ကြည့်နေလိုက်တော့သည်ဒီနှစ်ယောက်
ကိုသူတို့လဲမနိုင်ပေဆိုးတဲ့သူနဲ့အလိုလိုက်
လွန်းတဲ့သူနဲ့ လိုက်လဲလိုက်တယ်...

"ရူတိုလေးမှစက်ဘီးမစီးတတ်တာ"

"မရဘူး...စက်ဘီးနဲ့ကျောင်းသွားချင်
တာ"

ရူတိုလေးပထမဆုံးစက်ဘီးစီးသင်တုန်း
ကဒဏ်ရာအပြင်းထန်ရပြီးဖျားခဲ့သေး
သည်...
အဲ့ကတည်းကစက်ဘီးစီးမသင်တော့တဲ့
ကလေးကခုမှစက်ဘီးနဲ့ကျောင်းသွားချင်
တယ်တဲ့လားသူ့ကလေးကိုဘယ်သူမြှောက်
ပေးလိုက်တာပါလိမ့်....

"သားနဲ့အခန်းတူကလေးကမိသားစု
အကြောင်းပြောရတော့လေသူ့အကိုက
သူ့ကိုနေ့တိုင်းစက်ဘီးနဲ့ကျောင်းပို့တယ်
တဲ့အဲ့ဒါကိုသူ့အကိုကသူ့ကိုအရမ်းချစ်
လို့ဆိုပြီးလိုက်ကြွားနေတာအခန်းထဲမှာ
အကိုရှိတာကသားနဲ့သူပဲရှိတာလေ
ကိုကိုလဲသားကိုအဲ့လိုပို့ပေးပါလား
နော်...သားလဲကြွားချင်လို့"

"ဟမ်...ကိုကိုကနင်းပို့ပေးရမယ်"

"အင်း...ဟုတ်တယ်"

"ကိုကိုကစက်ဘီးမှမပါတာ"

"ရတယ်ကိုကိုအိမ်ကိုသွားပြီးစက်ဘီး
ပြန်ယူမယ်လေ"

ကျွန်တော် ကိုကို့ကို.....Where stories live. Discover now