Part-20 (final)

215 21 6
                                    

အခန်းထဲကိုအလုယက်တိုးဝင်နေတဲ့
မနက်ခင်းအလင်းရောင်ကြောင့်ယိုရှီ
နိုးလာရတော့သည်...

ဘေးကိုကြည့်လိုက်တော့သူ့ကလေးလေး
ရှိနေတော့မနက်ခင်းကပြည့်စုံသွားသလို
ပင်...

ခါးကိုဖက်ထားတဲ့ရူတိုလက်ကိုအသာမ
ပြီးခန္တာကိုယ်ကိုရွေ့ကာနာရီကိုကြည့်
လိုက်တော့ခုနှစ်နာရီတောင်ထိုးနေပြီ‌မို့
အချိန်မဆွဲတော့ပဲယိုရှီထဖို့ပြင်လိုက်
တော့သည်...

"အင်းးး...ကိုကို..."

ရူတိုကအိပ်နေရင်းယောင်လာတာမို့
သူ့ကလေးလေးမနိုးအောင်အသာယာ
လေးအိပ်ယာထဲကထွက်ခဲ့လိုက်သည်...

ရုံးသွားဖို့မပြင်ဆင်ခင်မနက်စာပြင်ဖို့
အရင်လုပ်ရသည်...

ရူတိုနိုးလာရင်အဆင်သင့်စားဖို့...

မနက်စာပြင်ဆင်ရင်းယိုရှီအတွေးတွေက
ပျံ့လွင့်နေ‌တော့သည်...

ရူတိုဒုတိယနှစ်ပြီးထဲကမိဘတွေကိုပူဆာ
ပြီးနှစ်ယောက်ထဲခွဲပြီးနေခဲ့ဝာာခုဆိုရူတို
ကနောက်ဆုံးနှစ်တောင်ရောက်လို့ဘွဲ့တောင်
ရတော့မည်

"ကိုကို..."

"ဗျာ.."

ရူတိုခေါ်သံကြောင့်ယိုရှီအတွေးတွေ
ပြန်စုစည်းသွားတော့သည်...

"ဘာလို့အစောကြီးထသွားတာလဲ
ကျွန်တော့်ကိုလဲမနှိုးဘူး"

"ကိုကိုမနက်စာပြင်မလို့လေ
ရူတိုကိုမနှိုးတာကရူတိုကအိပ်နေတာကိုး"

"ဟာဗျာ...ကိုကို့ကိုပြောရတာမောတော့
မယ်ကိုကိုမရှိပဲအခန်းထဲမနေခဲ့ချင်ဘူး
ပြောရတာခနခနပဲဘာလို့ကျွန်တော့်
စကားကိုနားမထောင်တာလဲ"

ယိုရှီမနက်စာအတွက်ထမင်းကြော်ကို
ပြင်ဆင်ရင်းရူတိုရွှေစိတ်တော်မညှိုးဖို့
သူဘယ်လိုဖြေရမလဲတွေး‌တောနေမိ
သည်...

"ရူတိုကလဲကိုကိုကရူတိုအိပ်ရေးပျက်
မှာစိုးလို့စာမေးပွဲတွေကလဲနီးနေပြီမလား
အဲ့ဒါကြောင့်..."

"‌ကိုကိုရာ...ဆင်ခြေတွေပေးပြီးဒီလိုပဲ
‌နောက်တစ်ခါလဲဒီလိုပဲကျွန်တော်လဲ
ကိုကို့ကိုမနိုင်တော့ဘူးတကယ်..."

ကျွန်တော် ကိုကို့ကို.....Where stories live. Discover now