Part-5

183 31 15
                                    

ယိုရှီတီလေးဖုန်းဆက်လို့အလုပ်ကနေ
တီလေးတို့အိမ်ကိုပြေးရတော့သည်

"တီလေး!..."

"လာပြီလား...အမလေးတီလေးတော့
ပြောမပြောချင်တော့ပါဘူးမင်းညီကို
မင်းသာကြည့်ထိန်းတော့"

"ဟုတ်..."

ယိုရှီတီလေးကိုဘာမှ‌မပြောတော့ပဲ
ရူတိုလေးရှိမဲ့အခန်းဆီကိုသာတန်းသွား
လိုက်တော့သည်...

ယိုရှီအခန်းထဲဝင်လိုက်တာနဲ့ကွန်ပြူတာ
တစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့သူ့ကလေးလေး
ကိုမြင်လိုက်ရသည်...

"ရူတို..."

နားကြပ်ကြောင့်သူ့ခေါ်တာမကြားနေတာမို့
ယိုရှီနားကြပ်ကိုလှမ်းဖြုတ်လိုက်သည်...

"အား...ကိုကို!!..."

တကယ်ကကိုကိုလာတာရူတိုသိသားပဲ
ဒါပေမဲ့စိတ်တိုနေတာမို့မသိချင်ယောင်
ဆောင်နေခြင်းဖြစ်သည်...

"ရူတိုလေး...ရန်ဖြစ်လာတယ်ဆို"

"ကျစ်...သိပြီးပြီကိုကျွန်တော့်ကိုဘာလို့
လာမေးနေတာလဲ"

"ရူတို...စကားကိုဘာလို့အဲ့လိုပြောနေတာ
လဲငယ်ငယ်ကလိုမလိမ္မာတော့ဘူးပဲ
ကိုကို့ရူတိုက"

ယိုရှီစကားကြောင့်ရူတိုကချက်ခြင်းလှည့်
လာပြီးဘေးနားရပ်နေတဲ့ယိုရှီရဲ့ခါးကို
ဖက်ထားလိုက်ပြီးမျက်နှာကိုလဲတိုးဝှေ့
လာတော့သည်...

"ကိုကိုကလဲသူတို့ကအရင်စထိုးတာကို"

"ဘာ!...ပြဦးမျက်နှာဘယ်နားထိသွား
သေးလဲသူတို့ကို‌သေအောင်ပြန်ထိုးခဲ့
ရမှာ"

ယိုရှီရဲ့စိတ်ပူစွာမေးလာတဲ့အသံကြား
တော့ရူတိုကြိတ်ပြုံးလိုက်သည်သူသိ
သားပဲကိုကိုကသူ့ကိုနည်းနည်းလေးမှ
အထိခိုက်မခံနိုင်ဘူးဆိုတာ...

ကိုကိုစိတ်မဆိုးအောင်လို့...
သူ့ကိုသူပြန်ထိုးခဲ့ရပေမဲ့ရလဒ်ကတန်
ပါတယ်လေ

"ဘာမှမထိပါဘူး...နည်းနည်းပဲ‌ပေါက်
သွားတာသူတို့ကိုပြန်ထိုးခဲ့တာပေါ့
ဒီချိန်အဲ့ကောင်တွေဆေးရုံရောက်
နေလောက်ပြီ"

"ကောင်းတယ်...ကိုကိုဆေးလိမ်းပေး
မယ်လာခဲ့"

ယိုရှီအခန်းထဲကဆေးသေတ္တာရှာလိုက်
ပြီးကုတင်ပေါ်ထိုင်လိုက်သည်...

ကျွန်တော် ကိုကို့ကို.....Where stories live. Discover now