Episode-2

930 96 0
                                    

Day-2

"ဒေါက်‌ ဒေါက် BecBec.....Beccaaa"

Freenတံခါးကိုအဆက်မပြတ်ခေါက်နေသည်။သိပ်မကြာခင်မှာပဲ...

"အိုး ဟန်နီရောက်ပြီလား"

သူခေါ်သလိုဟန်နီလို့ခေါ်ပြီး မျက်လုံးတစ်ဖက်ကိုမှိတ်ပြကာတံခါးလာဖွင့်သောBecky။ခေါင်းလျှော်ထားဟန်ပါပဲ ရှန်ပူနံသင်းနေတဲ့ရေစိုဆံပင်ကို
အ၀တ်နဲ့ပတ်ထားသည်။

လက်ထဲက လီလီပန်းစည်းကိုBeckyထံပေးလိုက်ရင်း...

"၀င်လို့ရမလား"

မနေ့က အခန်းပေါက်ထိပဲပို့ခဲ့တာမို့ Freenခွင့်တောင်းခြင်းပါ။

"ဘာလဲ မ၀င်ပဲ ကျွန်မအလှပြင်ပြီးတဲ့အထိ ရှင်ကအခန်းရှေ့ထိုင်စောင့်မလို့လား။လာပါ။"

ပြောပြောဆိုဆို အခန်းထဲဆွဲသွင်းလိုက်သော Becky။

"ရှင် ဒီနေ့လဲမိုက်တာပဲ Freen"

ကုတ်အရှည်၀တ်ထားသော Freenကိုခြေဆုံးခေါင်းဆုံးကြည့်ကာ Beckyပြောလိုက်သည်။တကယ်ကြီး ဒီမိန်းမကနေ့တိုင်းအမိုက်စားပဲဆိုပြီးလဲ တပြိုင်နက်ထဲတွေးမိသွားသည်။

အနည်းငယ်ရဲသွားသောပါးနှစ်ဖက်။နေအုန်း အခုFreenရှက်သွားတာလား ။မနေ့ကတစ်နေကုန် Flirtထားတဲ့Freenကလေ။Becky အသည်းယားသွားရပြန်သည်။တကယ်ပဲVersionဘယ်နှစ်မျိုးတောင် ရှိနေတာလဲ...

"Beccaလဲ လှတာပဲကို"

"အပိုတွေကျွန်မကဖြင့် ဘာမှမပြင်ဆင်ရသေးပဲ"

"ဒီတိုင်းကိုလှတာ။အတည်ကြီး အခုတောင် မော်ဒယ်ထိုင်ခိုင်းပြီး ပုံဆွဲချင်လာရတဲ့အထိ"

"အို မရပါဘူးနော် ကျွန်မဒီနေ့ ပြတိုက်သွားမှာ"

"သိတယ်‌‌လေ။အဲ့က အပြန်ကိုယ်တွေနဲ့ ပြဇာတ်ကြည့်ကြမလား။လက်မှတ်၀ယ်ထားတယ်။ပြီးတော့ ညနေစာကိုလဲ ပြင်ဆင်ထားသေးတယ်။ဒါကBeccaကိုပြောပြတာပါ အဆင်ပြေမှပါ"

အဆင်ပြေမှပါပြောပေမဲ့ အကုန်စီစဉ်‌ပြီးပြီဆိုသောသူ။ဒီကဘယ်လိုငြင်းရမလဲ။ပြီးတော့ အလုပ်က  client နဲ့တွေ့ဖို့ရက်ကလည်းမနက်ဖြန်မှ။မှတ်စုစာအုပ်ထဲမှ အစီစဉ်များ က‌ဗြောင်းကပြန်ဖြစ်လဲ Beckyကျေနပ်နေသည်။

My SarochaWhere stories live. Discover now