Episode-7

1.7K 127 27
                                    

Beckyကုတင်ပေါ်မှာ လှဲရင်းအတွေးနယ်ချဲ့နေမိ၏။ခုရက်ပိုင်း
စိတ်ထဲနေလို့မကောင်း။Freenကသူ့ကိုလုံး၀မသိတဲ့လူတစ်ယောက်လို ဆက်ဆံလိုက်တဲ့ ကိစ္စကြောင့်ပေါ့။သူFreenနဲ့ပြန်တွေ့ပြီးနောက်ပိုင်း အာရုံမစုစည်းနိုင်ခဲ့ဘူး။

Freenအနေနဲ့သူ့ကိုပြန်တွေ့ဖို့
ဒီဟာကို ကြိုးစားမှုလို့ သူမှတ်ယူရမလား။ဒါဆို မသိချင်ယောင်ဆောင်ခြင်းကကော။ဒါမှမဟုတ် Amsterdamက ညကိုFreenမေ့လိုက်ပြီလား အစရှိသဖြင့် အတွေးတွေက အမျိုးမျိုး။သူFreenကိုရှု့ထောင့်မျိုးစုံက
တွေးကြည့်နေရသည်။

မနက်က ရုံးမလာခင်TVသတင်းတစ်ခုမှာ Freen Sarocha Chankimhaက Chankimha Groupရဲ့ဥက္ကဌသစ်အနေနဲ့ ကျန်းမာရေးစင်တာတစ်ခုရဲ့ ဖွင့်ပွဲကို ပထမဆုံးတက်ရောက်တဲ့သတင်းကို Becky ကြည့်လိုက်ရသည်။ပထမဆုံး မီဒီယာပေါ် ပေါ်လာခြင်းပေါ့။

ထည်ဝါသည် အရှိန်အ၀ါရှိသည်။စူးရှထက်မြက်ဟန်ထင်းနေသည့် မျက်လုံးတွေ။Beckyတွေ့ခဲ့တဲ့ sweet ဖြစ်ပြီးချိုသာတဲ့ Freenနဲ့က
ပြင်ပသွင်ပြင်ကွဲပြားသည်။

သူ့အတွက်ကရှင်းပါသည်။ရက်ပိုင်းပဲရင်းနှီးခဲ့ပေမဲ့ Freenကိုသဘောကျမိသွားတယ်ဆိုတာ။ဒါ့ကြောင့်လွယ်လွယ်မေ့ပစ်လို့မရ။ပြန်တွေ့ချင်သည်။ဟန်နီဆိုတဲ့ခေါ်သံနဲ့ တစ်စုံတစ်ခုကိုရှင်းပြတာမျိုး ဆက်သွယ်လာတာမျိုး လိုချင်သည်။

ဒါပေမဲ့ ဒါဟာသူ့အတွေးပဲဖြစ်သည်။ယခုတစ်လကျော်သည့်တိုင် Freenဆီကနောက်ထပ် ဆက်သွယ်မှုဘာမှမရှိလာခဲ့ပေ။အလုပ်ကိစ္စအတွက် ထပ်တွေ့ဖို့ရှိပေမဲ့ Freenဘက်က မအားတာမို့ ရက်တွေရွေ့ထားသည်။အနည်းဆုံးစာတစ်ကြောင်းတောင် ရောက်မလာခဲ့ပါ။
သူဖုန်းနံပါတ်ပေးခဲ့တာတောင်ပေါ့။

"Freen ရှင်ကျွန်မကို ညှင်းဆဲနေတာပဲ"

            👑My Sarocha👑

ဖေဖေနဲ့အဖွားခွာပြဲရသည့်ကိစ္စက ဖေဖေကနောက်ထပ်အမျိုးသမီးနဲ့
ချစ်ကြိုးသွယ်မိတဲ့ကိစ္စကြောင့်ဖြစ်သည်။

ဒီသတင်းက အစဉ်လာကြီးမားတဲ့ Chankimha မိသားစုအတွက်တော့ ပြဿနာကြီးပါပဲ။Freenအနေနဲ့ လူမှန်းသိတက်စကတည်းက ဖခင်ကအလုပ်ရယ်အိမ်ရယ် နိုင်ငံခြားခရီးစဉ်တွေရယ်မပြီးဆုံးတဲ့ အစည်းဝေးများစွာရယ်ကြားထဲမှာပဲ ကုန်ဆုံးနေခဲ့တာကို မြင်ဖူးခဲ့တာလေ။

You've reached the end of published parts.

⏰ Last updated: Sep 03, 2023 ⏰

Add this story to your Library to get notified about new parts!

My SarochaWhere stories live. Discover now