Amsterdamကပြန်လာပြီး Beckyနေ့ရက်တွေက ခါတိုင်းနဲ့မတူတော့။တစ်ခုခုပျောက်ဆုံးနေသလို ခံစားရသည်။ရုံးကလူတွေက Amsterdam နဲ့ပတ်သတ်တဲ့အမှတ်တရ အတွေ့အကြုံတွေမေးတော့ Beckyပြန်ပြောဖြစ်သည်။တစ်ဦးထဲဖြတ်သန်းခဲ့သလိုပေါ့။Freenအကြောင်းတော့မပါ။သို့ပေမဲ့ သူ့နှလုံးသားက Freenကို
တစ်ရက်တောင် မမေ့ခဲ့။Freenချန်ခဲ့တဲ့လက်စွပ်ကို သူ့လည်တိုင်မှာဆွဲထားမိတဲ့အထိလေ။ပြန်ရောက်ခါစက သူ Freenဆီကအဆက်သွယ်ကိုမျှော်မိသည်။သို့ပေမဲ့ ဆက်သွယ်မလာတော့ မနေနိုင်စွာပဲ တစ်ခုတည်းသော ဖုန်းနံပါတ်ကို ခေါ်မိသည်။သို့ပေမဲ့တပ်ဆင်ထားခြင်းမရှိပါတဲ့။Freen ဒီ SIM cardကိုမသုံးတော့ကြောင်း Becနားလည်လိုက်သည်။
Social mediaတွေမှာ Freenဆိုတဲ့နာမည်နဲ့ ရိုက်ရှာတော့အစအနပင် မတွေ့။Freenကိုဘယ်လိုရှာရမည်သူမသိတော့ချေ။Freenရဲ့ကြိမ်းသေ ပြန်တွေ့မယ်နော်ဆိုတဲ့ စကားတစ်ခွန်းကိုသာဆုတ်ကိုင်ထားရင်း သူလမ်းပျောက်နေသည်။ပြောရရင် Becky Freenကိုအရမ်းလွမ်းနေပါသည်။Freenကကော သူ့ကိုမေ့သွားပြီလားဆိုတဲ့အတွေးက နေ့တိုင်းခြောက်လှန့်နေသည်။ဒါ့ကြောင့် အနည်းဆုံး တစ်ခါလောက်ဖြစ်ဖြစ်ပြန်ဆုံချင်တာ။သူတစ်စုံတစ်ခုကို အတည်ပြုချင်တာမို့......
"အစ်မ ဂျာကြီးခေါ်နေတယ်"
"အော် အေး"
Mileရဲ့အသံကြောင့် Becky လက်တွေ့ကမ္ဘာထဲပြန်ရောက်လာသည်။သူ Amsterdamကပြန်ရောက်ပြီး လုပ်ငန်းခွင်မှာ ပြန်လည်လည်ပတ်နေတာ နှစ်လပြည့်လုနီးပြီ။
"ဟူး"
မန်နေဂျာရုံးခန်းထဲရောက်တော့မန်နေဂျာအစ်ကိုရဲ့ အထူးကြည်လင်၀င်းပနေသည့်မျက်နှာကို Becky ခံစားမိသည်။ဘာကောင်းတဲ့ကိစ္စများဖြစ်လို့ပါလိမ့်။
"Becca မင်းရဲ့ဒီတစ်ခါခရီးထွက်ခဲ့ခြင်းက ကံကောင်းခြင်းပဲ။ညီမတွေ့ခဲ့တဲ့ Mr Haoနဲ့သဘောတူညီချက်တစ်ခုအသစ် ထပ်ရတယ်လို့ သတင်းကြားရတယ်။အဲ့အတွက် အကုန်လုံးက မင်းကိုချီးကျုးနေကြတယ် Bec"
မန်နေဂျာဘာလို့ ဒီလောက်၀မ်းသာနေမှန်းသူအခုမှ သိရသည်။
"Becca ကျေးဇူးကြောင့် အစ်ကိုတို့ Promotion ထဲပါမယ်ထင်တယ်။တရား၀င် Mailတော့မလာသေးဘူး။Headကလဲ ညီမကိုချီးကျုးနေတယ်။သူဘန်ကောက်ကိုလာရင်
ညစာစားပွဲတစ်ခုလုပ်မယ်တဲ့လေ"
YOU ARE READING
My Sarocha
Short Storyလုပ်ယူဖန်တီးထားတဲ့တွေ့ဆုံမှုတွေထက် သဘာ၀ဆန်ဆန်တွေ့ဆုံခြင်းတွေကိုပဲ သဘောကျတယ်.........