Episode-5

1.1K 80 7
                                    

နွေးထွေးလုံခြုံတဲ့ခံစားမှုနဲ့အတူ Becky နိုးလာရသည်။ပထမဆုံးသတိထားမိတာ သူ့ကိုဖက်ထားတဲ့လက်တစ်စုံပါပဲ။ပြီးတော့အတွေးထဲ၀င်လာတာက
မနေ့ညကအဖြစ်အပျက်။Beckyသဘောကျစွာပြုံးလိုက်သည်။သူFreenနဲ့အတူနေခဲ့ပြီးပြီ။

Becky Freen၏ရင်ခွင်ထဲကနေခေါင်းကိုဖြည်းဖြည်းလေးမော့ကြည့်တော့ Freenရဲ့မျက်တောင်ကော့တွေ ပြီးပြည့်စုံတဲ့နှာတံနဲ့ မနေ့ကတစ်ညလုံး သူအနမ်းပေးခဲ့တဲ့နှုတ်ခမ်း။သဘောကျရတဲ့သူနဲ့ အတူနိုးထရတဲ့မနက်ခင်းက ဒါမျိုးပါလားပေါ့။

"အွန်း....အိပ်အုန်းလေ..."

အနည်းငယ်လှုပ်ရှားမှုနဲ့အတူ Becky ကိုရင်ခွင်ထဲပိုတိုးဖက်လိုက်ပြီး ပြန်သိပ်နေသောFreen....

"ဟန်နီ နိုးပြီလား"

နဖူးပေါ်ရောက်လာတဲ့အနမ်းနွေးနွေး။

"နိုးသေးဘူးလေ မင်းကောပြန်အိပ်။တို့ကော မင်းကော မနက်လေးနာရီမှအိပ်ထားတာကို အစောကြီးပြန်နိုးနေတာလား"

ဟုတ်သည်။မနေ့က သူတို့တော်တော်နှင့်အတောမသတ်။ယခုက မနက်အစောကြီးတော့မဟုတ်။ဆယ်နာရီခန့်‌တော့ရှိလောက်ရောပေါ့။

Freenသည်မျက်လုံးများတော့မပွင့်။သို့ပေမဲ့ ရင်ခွင်ထဲကတစ်ယောက်လှုပ်ရှားမှုကြောင့်နိုးလာခြင်းဖြစ်သည်။သို့ပေမဲ့ သူမထချင်သေးပေ။အရမ်းအိပ်ချင်နေသေးသည်။
ထို့ကြောင့်ရင်ခွင်ထဲကခေါင်းလုံးလုံးလေးကို ပိုတိုးဖက်လိုက်ရင်း ပြန်သိပ်လိုက်ပါတော့သည်။

"အိပ်အုန်းအိပ်အုန်း"

              👑My Sarocha👑

ဖုန်းရဲ့တဒီဒီတုန်ခါသံကြောင့်
ကျွန်မဆက်အိပ်မရတော့။ဒီဖုန်းကြောင့်Beccaနိုးတော့မှာပဲ။အသာလေးလှမ်းယူလိုက်တော့ ဖုန်းခေါ်နေတာက Nam။ဒီတစ်ယောက်ဘာဖြစ်တာပါလိမ့်။တစ်ဆက်ထဲနာရီကြည့်လိုက်နေ့ နှစ်နာရီခွဲ။နေ့တစ်၀က်တောင်အတော်ကျိုးနေရောပေါ့။မကိုင်ချင်တာမို့ အသံပိတ်လိုက်သည်။

ထို့နောက်ခါးမှာသိုင်းဖက်ထားတဲ့ BecBecလက်များကိုခပ်ဖြည်းဖြည်းလေးဖယ်လိုက်သည်။အိပ်နေတာများကလေးလေးကျလို့။Beccaနဖူးကိုခပ်ဖွဖွနမ်း‌‌တော့ မျက်မှောင်တွန့်သွားသည်။

My SarochaWhere stories live. Discover now