Day-3
"Namမပါပဲ နင်ဘယ်လို
တစ်ယောက်ထဲလာခဲ့တာလဲFreen"Hengရဲ့စကားကြောင့်Freenပြုံးလိုက်သည်။သူသိချင်နေလို့မနေ့ကတည်းက တစ်မေးထဲမေးနေတာလေ။မသိချင်ပဲဘယ်နေမလဲ အဖွားစရိုက်ကို Hengသိသည်ကိုး။
"အွန်း ငါပြန်လာရင် စီးပွားရေးတစ်ချို့ဦးစီးပြီး လူလုံးထွက်ပြမယ်လို့ ကတိပေးလိုက်တာ"
"ဝိုး တကယ်ကြီးလား။နင်တကယ်ဆုံးဖြတ်လိုက်တာလား"
"ငါဘယ်တက်နိုင်ပါ့မလဲ Heng...အဖေကလဲအဖွားဒါဆိုဒါတဲ့လူ။အဖွားကလဲ ငါ့ကိုတပူပူနဲ့လေ။ငါ့အနုပညာတွေကိုလဲ သူအမှိုက်သာသာထင်တာ"
မှိုင်းသွားတဲ့Freenမျက်လုံးတွေကို Hengသတိထားမိသည်။အနုပညာဝါသနာပါသည့်Freenကို အဖွားကစီးပွားရေးပဲလုပ်စေချင်သည်။တစ်ဦးတည်းသောသားကမွေးသည့် တစ်ဦးတည်းသောမြေးကိုပဲ Chankimha Groupကိုဦးစီးစေချင်သည်။Freenကစီးပွားရေးကို မဦးစီးချင်ပဲ ဝါသနာပါသည့် အနုပညာလိုင်းဘက်သွားချင်သည်။ထိုတွင်ပဲ အဖွားနဲ့ကတောက်ကဆ ဖြစ်သည်လေ။
"နင်ဘယ်တော့ပြန်မှာလဲ"
"တကယ်က ပြန်လာဖို့ခေါ်နေပြီ။ငါနောက်ထပ်ရက်နည်းနည်းကြာမှပြန်မလားလို့"
"ဘာလဲ ဟိုကောင်မလေးကြောင့်လား"
Freenရဲ့အကြည့်စူးစူးတစ်ချက်ကို Hengလက်ခံရလိုက်သည်။Hengမေးလိုက်တာကိုလဲ နောင်တမရပါ။Freenလိုချေမိုးနေတဲ့သူတစ်ယောက်က ထိုကောင်မလေးကိုကြည့်သည့်အကြည့်တွေက နွေးနွေးထွေးထွေးရှိလွန်းလှသည်။
"ဒါနင့်အပိုင်းမဟုတ်ဘူး Heng"
"ဘာလို့ငါ့အပိုင်းမဟုတ်တာလဲ ငါကနင့်သူငယ်ချင်းလေ"
"ဇွတ်သူငယ်ချင်းဟန်ဆောင်နေပြန်ပါပြီ"
"ဟော ငယ်ငယ်ကတည်းက ပေါင်းလာမှတော့ သူငယ်ချင်းပေါ့"
"အဖွားဖန်တီးပေးထားတဲ့သူငယ်ချင်း"
"အဲ့လိုကြီးပြောပြန်ပြီ ငါရင်နာအောင်"
Hengရဲ့အမူယာပိုပိုတွေကြောင့် Freenမဲ့ပြလိုက်သည်။တကယ်လဲ Hengဆိုတာ အဖွားကြောင့်ဖြစ်လာရတဲ့သူငယ်ချင်းပါ။သန်းကြွယ်သူဌေးမိသားစုရဲ့ကလေးချင်း ခင်မင်မှုပေါ့။အဖွားကသူ့သူငယ်ချင်းအရင်းတွေဖြစ်တဲ့ Noeyတို့Kadeတို့တောင်သဘောမကျ။အဖွားကHengမှ Heng။
YOU ARE READING
My Sarocha
Short Storyလုပ်ယူဖန်တီးထားတဲ့တွေ့ဆုံမှုတွေထက် သဘာ၀ဆန်ဆန်တွေ့ဆုံခြင်းတွေကိုပဲ သဘောကျတယ်.........