(23)

195 24 4
                                    

(Unicode)

Jake အတန်းများပြီးသည်အထိ Sunghoon မှာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့ပြီးနောက် နှစ်ဦးသား တိတ်ဆိတ်သော ကော်ဖီဆိုင်လေးတစ်ခုသို့ ထွက်လာခဲ့ကြသည်။

ကော်ဖီဆိုင်တွင် ထိုင်ရင်း Jake ပြောလာမည့်စကားများကို Sunghoon စောင့်နေခဲ့သော်လည်း Jake မှာ သူ့ထံတစ်ချက်မှမကြည့်သေးဘဲ latteတစ်ငုံသောက်လိုက်၊ ခွက်ထဲရှိ ရေခဲတုံးကလေးများကို ပိုက်ကလေးဖြင့် ဆော့ကစားလိုက် လုပ်နေခဲ့သည်။ အခြားသူသာဆို Jake ၏အပြုအမူများကို နားမလည်နိုင်ဖြစ်နိုင်ပေမယ့် Sunghoon ကတော့ Jake စိတ်လှုပ်ရှားနေသဖြင့် တမင်အချိန်ဆွဲကာ စကားပြောဖို့ အားယူနေရသည်ကို သိလေသည်။

"အိခု..."

သူ့ခေါ်သံကြောင့် မျက်၀န်း၀ိုင်း၀ိုင်းလေးများက သူ့ထံကြည့်လာခဲ့တော့ Sunghoon အနူးညံ့ဆုံး ပြုံးပြလိုက်ကာ..

"အရမ်းစိတ်မလှုပ်ရှားပါနဲ့။ မင်းပြောစရာရှိတယ်ဆိုတာကိုသာ ပြောပါ။ ကိုယ်နားထောင်နေတယ်"

"အဲ့တာကလေ..."

Jake သူ့အောက်နှုတ်ခမ်းအား ဖိကိုက်၍ သက်ပြင်းတစ်ချက် ချလိုက်ကာ..

"Sunghoon...ငါတို့ အခုတော်လိုက်ကြရအောင်"

"ဘာကိုလဲ အိခုရဲ့? မင်းပြောတာ ကိုယ်နားမလည်ဘူး"

"မင်း ငါပြောတာ ကောင်းကောင်းကြီးနားလည်ပါတယ်။ အချိန်တွေလည်း ကြာခဲ့ပြီလေ။ အတိတ်ကိုအတိတ်မှာပဲ ထားခဲ့ပြီး အခုကစပြီး ငါ့ကို ဖက်တွယ်မနေပါနဲ့တော့လား?"

"ကိုယ့်မှာ အဲ့လိုလုပ်ဖို့ စိတ်ကူးမရှိဘူးဆိုရင်ရော?"

"Sunghoon...ဘယ်အချိန်ထိ ငါ့အတွက်နဲ့ မင်းရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းနေအုံးမှာလဲ? ငါကကျောင်းပြီးတာနဲ့ Australia ပြန်သွားရတော့မှာ။ ငါက မင်းဘေးမှာရှိနေနိုင်မယ့်သူလည်း မဟုတ်ဘူး။ မင်းက နောင်တစ်ချိန်မှာ ကုမ္ပဏီဆက်ခံသူ ဖြစ်လာမယ့်သူ။ မင်းလုပ်ရမယ့်တာ၀န်တွေ အများကြီးရှိသေးတယ်။ အဲ့တာကြောင့် ငါ့ထက် အဆများစွာ သာပြီး မင်းနဲ့လိုက်ဖက်မယ့် မိန်းကလေးတစ်ယောက်နဲ့ပဲ တွေ့လိုက်စမ်းပါ"

The Truth Untold // SungjakeWhere stories live. Discover now