(12)

202 22 4
                                    

(Unicode)

Jake ဦးနှောက်တစ်ခုလုံး ချာချာလည်ကာ ကမ္ဘာလောကကြီးတစ်ခုလုံး ရပ်တန့်သွားခဲ့သလို ခံစားရသည်။ Sunghoon ၏ နှုတ်ခမ်းများက သူမထင်ထားရလောက်အောင်ကို နူးညံ့နေလျက် သူ့ပါးပြင်အားထိကိုင်ထားသည့် လက်ဖ၀ါးနုနုလေးများက ပူကျစ်နေကာ ထိုသူ့ရင်ခွင်ထဲတွင် အရည်ပျော်လုမတတ်ပင် ဖြစ်နေရသည်။

ရင်ခုန်သံများ ပြင်းထန်စွာ စည်းချက်မကျဖြစ်နေ၍ ဘာလုပ်ရမည်ကိုပင် သူမသိတော့ပါချေ။ ရုတ်တရက်ဆန်သောအဖြစ်အပျက်မို့ တားဆီးချိန်မရလိုက်ပေမယ့် ယခုအချိန်တွင်တော့ တွန်းထုတ်လိုက်သင့်ပြီဖြစ်မှန်း သူသိပါ၏။

အရက်သောက်ထားသည့် အရှိန်ကြောင့်များလား? သူ့လက်များက တွန်းပစ်ဖို့ အားမရှိတော့သလို ဦးနှောက်၏အမိန့်ကို နှလုံးသားကလည်း ခေါင်းမာစွာ ငြင်းဆန်နေခဲ့ရာ သူဘာတတ်နိုင်တော့မည်နည်း။ ထို့ကြောင့် Sunghoon ဦးဆောင်ရာအတိုင်း အလိုက်သင့်လိုက်ပါရင်း မျက်လုံးလေးများကိုသာ မှိတ်ထားမိတော့သည်။ Sunghoon နေရာမှာ တခြားသူသာဆို သူသေချာပေါက်ဆွဲထိုးပစ်မိမှာ။ ဒါပေမယ့် ယခုတွင်တော့ သူ စိတ်လှုပ်ရှားကာ ရင်ဖိုနေရသည်။

ဟင့်အင်း ..ခုလိုသာယာနေမိတာ သူမုန်းတယ်။ သူတို့ကသူငယ်ချင်းတွေလေ ဒီလိုမဖြစ်သင့်ဘူး!

နှစ်ဦးစလုံး အောက်ဆီဂျင်လိုအပ်လာသည့်အခါမှ Sunghoon က ဖြေးညင်းစွာ ဖယ်ခွာလိုက်ရင်း သူ့လည်ပင်းထက်သို့ မျက်နှာအပ်လာသည်။ Sunghoon ၏၀င်သက်ထွက်သက် နွေးနွေးလေးများကိုပင် Jake လည်တိုင်ပေါ်တွင် ခံစားမိနေသည်။

Sunghoon လည်း သူ့နည်းတူ အသက်ရှူနှုန်းများ မြန်ဆန်နေခဲ့သည်ပဲ။ မည်သူမှစကားမဆိုမိကြဘဲ တိတ်ဆိတ်နေသည့်ပတ်၀န်းကျင်တွင် လှုပ်ခါနေသော နှလုံးသားများမှ ရင်ခုန်သံကသာ ပဲ့တင်ထပ်နေလိမ့်မည်။

"Hoon.."

Jake မှာ ထိုအမည်နာမလေးခေါ်ဖို့အတွက်ပင် အတော်အားယူလိုက်ရသည်။ Sunghoon သည် လည်တိုင်ထက် မျက်နှာအပ်ထားရာမှ ဖယ်ခွာခြင်းမရှိသေးဘဲ သူ့အနီးသို့ပိုမိုတိုးကပ်ကာ တိုးဖွစွာဆိုသည်။

The Truth Untold // SungjakeWhere stories live. Discover now