(28)

164 19 0
                                    

(Unicode)

Jake ရံဖန်ရံခါ Heeseung hyung နဲ့ တွေ့တတ်သည်ကို Sunghoonသိနေသော်လည်း ထိုအကြောင်းနှင့်ပတ်သက်၍ မသိသလိုသာ ဟန်ဆောင်နေခဲ့မိသည်။ ထုတ်ပြောဖို့ရာအတွက်လည်း သူ့မှာ သတ္တိမရှိခဲ့။ ယခုအချိန်တွင် သူ အိခုလေးကို အပိုင်ရထားသည်ဆိုသော်ငြား တစ်ချိန်က Jake သူ့အားပြောခဲ့ဖူးသော "Heeseung hyung ကို ချစ်တယ်" ဟူသော စကားကို သူယခုထိတိုင် မမေ့နိုင်သေး။ Heeseung hyung နှင့်ယှဥ်လာလျှင် ယခုထိ အရှုံးကိုခံစားရမြဲဖြစ်သည်မို့ Sunghoon သူ့ကိုယ်သူ သိမ်ငယ်မိဆဲသာ ဖြစ်လေသည်။ Jakeက သူနှင့်လက်ထပ်ခဲ့သည်ဆိုတာကလည်း အပေးအယူကြောင့်ပါ လို့ ပြောထားခဲ့သေးသည်မဟုတ်လား။

အင်းလေ...အိခုရဲ့တကယ့် သဘောအတိုင်းသာဆို Heeseung hyungနဲ့ သူ့ကြားမှာ ရွေးချယ်စရာရှိလာခဲ့ရင် သူ့ကိုဘယ်ရွေးပါ့မလဲ?

တစ်ဖက်တွင်လည်း ဥက္ကဋ္ဌကြီးက နောက်လတွင် Sunghoon အား ကုမ္ပဏီလွှဲအပ်ပေးရန် ကြေညာတော့မည်ဟု ပြောလာသောကြောင့် Sunghoon မှာ အားလပ်ချိန်မရှိအောင်ကို အလုပ်ရှုပ်နေရသည်။ သူ နံနက်အစောကြီးကတည်းက ကုမ္ပဏီသွားရသဖြင့် တစ်ခါတလေ အိခု သူ့အတွက် ပြင်ပေးသော မနက်စာကိုတောင် မစားလိုက်နိုင်။ တစ်နေကုန် အလုပ်ထဲတွင် ထိုင်ချိန်မရှိအောင် သေချာစီမံကွပ်ကဲနေရတာတောင် မလုံလောက်နိုင်ဘဲ ဥက္ကဋ္ဌကြီးက Sunghoon ၏ အရည်အချင်းကို စိတ်ကြိုက်စမ်းသပ်နေသည်မို့ ညနေဘက်တွင်တောင် မပြီးပြတ်သည့် ကိစ္စများကို သူအချိန်ပိုဆင်း၍ ဖြေရှင်းနေရသည်။ တစ်ခါတလေ သူပြန်ရောက်၍ Jake အခန်းအား အသာချောင်းကြည့်မိသည့်အခါ ခွေးပေါက်လေးက အိပ်ပျော်နေခဲ့ပြီဖြစ်၏။

တစ်ချိန်တည်းမှာပင် တက္ကသိုလ်မှ နောက်ဆုံးစာမေးပွဲကြီး နီးကပ်လာပြီဖြစ်၍ Jake သည်လည်း အိမ်ပြန်ရောက်လျှင် သူ့အခန်းထဲ၌သာ စာလုပ်ရင်း အချိန်ကုန်နေသည်က ပိုများသည်မို့ တချို့ရက်များတွင် တစ်နေ့လုံးနေမှ နှစ်ယောက်သား ခဏတစ်ဖြုတ်သာ မျက်နှာချင်းဆိုင် ဆုံဖြစ်ကြလေသည်။ ဤသို့ဖြင့် မည်မျှပင် ကြင်စဦးမောင်နှံဖြစ်၍ တစ်အိမ်ထဲတွင် အတူတူနေသည်ဆိုသော်ငြား တစ်ဦးကိုတစ်ဦး ပေးနိုင်သည့်အချိန်များမှာ အလွန်နည်းပါးလျက်ရှိလေ၏။

The Truth Untold // SungjakeWhere stories live. Discover now