(26)

188 19 0
                                    

(Unicode)

နောက်တစ်နေ့နံနက်၌ Sunghoon နိုးလာသည့် အချိန်ကတည်းက သူ့အလိုလိုဖြစ်တည်လာသော အပြုံးများကို တားမရခဲ့။ သူ့ခွေးပေါက်လေးနှင့် တစ်မိုးအောက် အတူတူရှိနေရသည်ဟူသော အသိကပင် သူ့အတွက် တစ်နေ့တာအား ဖြတ်သန်းရန် ခွန်အားများပေးစွမ်းနေလေသည်။ ချစ်သူလေးအကြောင်း စဥ်းစားမိသည်နှင့် ချက်ချင်း တွေ့ချင်လာတာကြောင့် အလျင်အမြန် အိပ်ရာမှကောက်ထလိုက်ကာ ကပ်ရပ်အခန်းမှတံခါးလေးအား အသာအယာတွန်းဖွင့်၍ ချောင်းကြည့်မိလိုက်သည်။

Sunghoon မှာ သူ့ခွေးပေါက်လေး အိပ်နေအုံးမည်ဟုသာ တွေးထားသော်လည်း မြင်တွေ့နေရသည့် အိပ်ရာမှာ သပ်ရပ်စွာ သိမ်းဆည်းထားပြီး ဖြစ်လေသည်။ အခုမှ မနက် ၇နာရီပဲရှိသေးတာကို...သူ့အကောင်ပေါက်လေးက အစောကြီးထပြီး ဘာလုပ်နေပါလိမ့်?

ထိုစဥ် အောက်ထပ်မှ အသံတချို့ကြားရသောကြောင့် Sunghoon လည်း ဆင်းလာမိတော့ တွေ့လိုက်ရသည်က သူ့အားကျောပေးထားလျက် အသီးအရွက်များ ပြင်ဆင်ဆေးကြောနေသည့် အိခုပါပင်။ Jake သည် ကိုယ်ထက်အနည်းငယ်ကြီးသော အဖြူရောင် တီရှပ်တစ်ထည်နှင့် ပေါင်လယ်လောက်သာရှိမည့် အနက်ရောင် ဘောင်းဘီတိုကလေးကို တွဲဖက်၀တ်ဆင်ထားလေသည်။ ထို့ကြောင့် သွယ်လျလှပသည့် ပေါင်တံဖြူဖြူလေးများကို အတိုင်းသား မြင်နေရသည့်အပြင် ဆံနွယ်ညိုညိုလေးများကလည်း ခပ်ပွပွဖြစ်နေရာ အနှီလူသားလေး၏ ကျောပြင်လေးအား ငေးရုံဖြင့် လူကို အသည်းတယားယား ဖြစ်လာစေတာအမှန်။ မနက်ကတည်းက ခုလောက်ထိဆွဲဆောင်မှုရှိနေတာ ကြာရင် သူသည်းခံနိုင်ပါ့လား?

Sunghoon လည်း အသံမပေးဘဲ တိတ်တဆိတ်ဖြင့် အနောက်မှ ခါးသိမ်သိမ်လေးကို ပွေ့ဖက်လိုက်၍ ပုခုံးပေါ်သို့ ခေါင်းလေး မှီထားမိလိုက်သည်။ ရုတ်တရက်မို့ လန့်သွား၍ ရင်ခွင်ထဲရောက်လာသည့် ခန္ဓာကိုယ်လေးကတုန်သွားကာ သူ့ထံလှည့်ကြည့်လာသည်။ Sunghoon မှာ သွားစွယ်လေးများပေါ်သည်အထိ ပြုံးပြလိုက်ရင်း..

"Morning.. Jakey.. ကိုယ့်ခွေးပေါက်လေး ဘာတွေလုပ်နေတာလဲ?"

"အာ..မင်းနိုးလာပြီပဲ..ငါက..ငါတို့နှစ်ယောက်အတွက် မနက်စာပြင်နေတာ"

The Truth Untold // SungjakeWhere stories live. Discover now