(31)

224 21 2
                                    

(Unicode)

Sunghoon မှာ ကုမ္ပဏီလွှဲပြောင်းယူပြီးမှ အလုပ်ကိစ္စများက မျှော်လင့်ထားသည်ထက် ပို၍ပင် များလာရသည်။ သို့သော် သူ့အိခုလေးအား ဆေးရုံခေါ်သွားရမည့်အချိန်ကိုတော့ သေချာစွာဖယ်ထားခဲ့ပါ၏။ Jake ၏ သွေးမရှိသလို ဖြူဖျော့နေသောပုံစံက တစ်ရက်ထက်တစ်ရက် ပိုပို၍သာ ဆိုးလာခဲ့သည်မို့ Sunghoonစိတ်ထဲတွင် ဘ၀င်မကျနိုင်ဘဲ ဖြစ်နေရသည်။ နာရီတစ်ချက်ကြည့်မိတော့ 2နာရီကျော်နေပြီဖြစ်ရာ ညနေ 3နာရီတွင် appointment ယူထားသည်မို့ Sunghoon လည်း အိမ်ခဏပြန်၍ အိခုကို ၀င်ခေါ်မည်ဟုတွေးနေခိုက် အတွင်းရေးမှူး ကင်မ်က အလျင်တဆောနိုင်စွာ ၀င်ရောက်လာလေသည်။

"ပြဿနာ တစ်ခုခုတက်ပြီထင်တယ်"

Sunghoon မျက်ခုံးများ တွန့်ချိုးသွားရလျက်..

"ဘာကိစ္စလဲ? အရမ်းအရေးမကြီးတာဆို နောက်မှပြောတော့။ ငါအခုသွားစရာရှိနေတယ်"

"အရေးကြီးမကြီးတော့ ကျွန်တော်လည်းမသိဘူးဗျ။ ရှေ့နေ့ရုံးခန်းက ပို့လိုက်တာလို့တော့ပြောတယ်"

Sunghoon စိတ်ထဲပို၍ပင် ရှုပ်ထွေးသွားရသည်။ တရားရေးရာနှင့်ပတ်သက်၍ ဖြေရှင်းရသည်အထိ ကုမ္ပဏီတွင် ကြီးမားသောပြဿနာမရှိသည်မှာ သေချာပါသည်။ ဤရက်ပိုင်း သူကိုယ်တိုင် စစ်ဆေးကြည့်ရသလောက် ငွေကြေးအရှုပ်အရှင်း မရှိသလို ပူးပေါင်းထားသည့် လုပ်ဖော်ကိုင်ဖက်များနှင့် ပြဿနာတက်သည်ဆိုတာလည်း မရှိခဲ့။

သူမတွေးတတ်တော့သည်မို့ အတွင်းရေးမှူးကင်မ်ဆီက စာအိတ်ကိုယူလျက် ဖောက်ကြည့်မိလိုက်တော့ မယုံနိုင်လွန်း၍ သူဘာမှမပြောနိုင်အောင်ကို ဆွံ့အသွားမိသည်။

စာအိတ်ထဲတွင် စာရွက်ပါးလေးတစ်ခုသာပါရှိ၍ ထိုစာရွက်၏ထိပ်တွင်တော့ 'ကွာရှင်းစာချုပ်' ဟူသော စာစုလေးတစ်ခုရှိနေခဲ့၏။

Sunghoon တုန်ယင်နေသော လက်များဖြင့် စာရွက်ကို ဆွဲထုတ်လိုက်၍ ယခုထိ မယုံနိုင်စွာ အနှီကွာရှင်းစာချုပ်အား သေချာစွာ ဖတ်မိတော့ အောက်ဘက်နားတွင် သူ့နာမည်နှင့် Sim Jaeyun ဆိုသော အမည်နာမလေးအား တွေ့လိုက်ရလေ၏။ အရာအားလုံးထက် Sunghoon အား ပို၍ ရှော့ခ်ရသွားစေသည့်အချက်မှာတော့ ထို Sim Jaeyun ဟူသော အမည်နာမလေး၏ အောက်ကကွက်လပ်လေးတွင် အိခု၏လက်မှတ်ကပါပြီးသား ဖြစ်နေခဲ့ခြင်းပင်။

The Truth Untold // SungjakeWhere stories live. Discover now