တိတ်ဆိတ်လွန်းတဲ့ ဂယူဗင်းဘဝထဲကို
ဆူဆူညံညံယုန်လေးတစ်ကောင်ဝင်
ရောက်လာခဲ့တယ်။ အဲ့ဒီယုန်လေးရဲ့
နာမည်က ' ချန်ချန်' တဲ့။_________________ ♡ ̆̈________________
ဂယူဗင်းလည်း တစ်ချိန်က ဖေဖေ၊မေမေတို့ရဲ့အချစ်ခံ..စကားလည်းအရမ်းများပြီးတအားလည်းအဆော့သန်တဲ့ကလေးလေးဖြစ်ခဲ့ဖူးသည်။
အဲ့ဒီ accident ကြောင့်သာ မဟုတ်ခဲ့ရင်...
ဖေဖေနဲ့မေမေကိုသာအစောကြီးမဆုံးရှုံးခဲ့ရရင် ဂယူဗင်း အခုလိုပြောင်းလဲသွားခဲ့မှာမဟုတ်ဘူး။' အဲ့ဒီတုန်းက ငါခရီးထွက်ဖို့ပူဆာခဲ့မိလို့ ဖေဖေနဲ့မေမေသေခဲ့ရတာ ' ဆိုတဲ့အတွေးနဲ့အတူ ' ငါ့ကြောင့်ဖြစ်ရတာ ' ဆိုတဲ့ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မှုတွေက ဂယူဗင်းကို အရွယ်နဲ့မလိုက်အောင် ရင့်ကျက်သွားစေခဲ့တာပင်။
စကားကိုလိုတာထက်ပိုမပြောတဲ့
ဂယူဗင်းက တစ်နေ့ကို စကားဆယ်ခွန်းပြည့်အောင်တောင်မပြောဘူးဆိုရင်ယုံကြမလား?ဂယူဗင်းကအဲ့လောက်ထိကို
တိတ်ဆိတ်လွန်းတာဖြစ်သည်။သို့ပေမဲ့..... တစ်နေ့... ၁၁နှစ်သားလေးဂယူ
ဗင်းဘဝထဲကို ၅နှစ်သားလေးချန်ချန်
ပထမဆုံးဝင်ရောက်လာခဲ့တဲ့နေ့မှာတော့....."" ပြန်လာပြီလား ဂယူဗင်းနီး..ဒီကိုလာပါဦး ညီလေးနဲ့မိတ်ဆက်ပေးချင်လို့ ""
ကျောင်းကပြန်ရောက်ရောက်ချင်း အပေါ်ထပ်ကကိုယ့်အခန်းကိုယ်သွားဖို့လုပ်ခဲ့ပေမဲ့ဧည့်ခန်းထဲကနေလှမ်းခေါ်လိုက်တဲ့ဒေါ်လေးကြောင့် ဂယူဗင်းခြေလှမ်းတွေလမ်းကြောင်းပြောင်းသွားရသည်။
"" သား သိတယ်မလား..ဒေါ်လေးနဲ့ဦးလေး
မွေးစားဖို့လုပ်နေတဲ့ကလေးလေးဆိုတာလေ.. အဲ့ဒါ ဟောဒီ ညီလေးပဲ.. ချစ်ဖို့ကောင်းတယ်မလား ""ပဲစေ့လေးလို လုံးလုံးသေးသေးကလေးလေးကိုကြည့်ရင်း ဒေါ်လေးပြောတာကိုထောက်ခံတဲ့အနေနဲ့ ဂယူဗင်းခေါင်းညိမ့်ပြလိုက်သည်။
"" ညီလေးနာမည်အတွက် ဒေါ်လေးတို့ဘာမှသေချာမစဉ်းစားရသေဘူး..လောလောဆယ်တော့ ဒေါ်လေးသူငယ်ချင်းသူ့မေမေမှည့်ပေးခဲ့တဲ့ ချန်ချန်ဆိုတဲ့နာမည်လေးကိုပဲခေါ်ကြတာပေါ့ ""
YOU ARE READING
Heartstrings [ Completed ]
Fanfictionဂယူဗင်းနှလုံးသားမှာရစ်ပတ်ချည်နှောင်ထားတဲ့နှောင်ကြိုးလှလှလေးတစ်ခုရှိတယ်။ အဲ့ဒီ နှောင်ကြိုးလေးနာမည်က ' ချန်ချန် ' လို့ခေါ်တယ်။