သူ့ဆီက ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ကိုကို့ကို ချန်ချန် ထွက်ပြေးခွင့်ပြုလိုက်တယ်။ အဲ့ဒါမှ တစ်ချိန်ကျရင် ကိုကို သူ့အနား အလိုလိုရောက်လာမှာလေ။_________________ ♡ ̆̈________________
ချန်ချန် 13နှစ်။
ဂယူဗင်း 19နှစ်။တဖြည်းဖြည်း နီးကပ်လာတဲ့ အတန်းတင်စာမေးပွဲကို အကြောင်းပြရင်း
ဂယူဗင်း ချန်ချန်နဲ့ ခပ်ခွာခွာနေဖြစ်လာသည်။ခပ်ခွာခွာနေတာထက် ချန်ချန့်ကိုအချိန်မပေးနိုင်အောင် သူ့ကိုယ်သူ စာတွေကြားတွန်းပို့ထားတာပင်။
ဥပမာပြောရရင် ကျူရှင်က 8နာရီပြီးတယ်ဆို သူက ဆရာ့ကိုခွင့်တောင်းပြီး နောက်ထပ် 2နာရီလောက်အထိ ကျူရှင်အိမ်မှာပဲစာထိုင်လုပ်လိုက်တာမျိုးဖြစ်သည်။
အဲ့လိုဆို သူအိမ်ပြန်ရောက်တဲ့အခါ ည 10နာရီကျော် .. တစ်နည်းအားဖြင့် ချန်ချန့်အိပ်ချိန်နဲ့ကွက်တိသွားကျသည်။
အဲ့ဒါအပြင် ကျူရှင်အိမ်ကလည်း သူတို့အိမ်ရဲ့တစ်လမ်းကျော်မှာပဲဆိုတော့ မိုးချုပ်မှအိမ်ပြန်ရလည်း အဆင်ပြေနေတာကြောင့် ဒေါ်လေးတို့ကလည်းဘာမှမပြောပေ။
ချန်ချန်ကတော့ သူအမြဲလိုလို အိမ်ပြန်နောက်ကျတာကို သိပ်ကျေနပ်ပုံမပေါ်ပေမဲ့ သူကအခု အထက်တန်းနောက်ဆုံးနှစ်ကျောင်းသားဖြစ်တဲ့အတွက် ဘဝအတွက်အဆုံးအဖြတ်ပေးမယ့် အတန်းတင်စာမေးပွဲက ဘယ်လောက်ထိအရေးကြီးကြောင်း သေချာရှင်းပြထားတာကြောင့် ဘာမှတော့ အထွန့်မတက်ရှာပေ။
အဲ့လိုနဲ့ သူ ချန်ချန်နဲ့အတူတူရှိရတဲ့ချိန်က
တစ်နေ့ကို သုံးနာရီလောက်သာရှိတော့သည်။ဒါက သူ့အတွက်လုံးဝအဆင်မပြေတဲ့အခြေအနေဆိုသော်ငြားလည်း ဒီအခြေအနေကိုအသားကျသွားဖို့အတွက် ဂယူဗင်း သူ့ကိုယ်သူဖိအားအများကြီးပေးခဲ့ရသည်။
ခက်ခဲပေမဲ့လည်း
အသားကျသွားမှဖြစ်မည်။အဲ့လိုမဟုတ်ဘဲ အရင်လိုသာ
ချန်ချန်နဲ့နီးနီးကပ်ကပ်ဆက်နေ,နေပါလျှင်
မဖြစ်သင့်တာတွေထပ်ဖြစ်လာမှာစိုးသည်။
YOU ARE READING
Heartstrings [ Completed ]
Fanfictionဂယူဗင်းနှလုံးသားမှာရစ်ပတ်ချည်နှောင်ထားတဲ့နှောင်ကြိုးလှလှလေးတစ်ခုရှိတယ်။ အဲ့ဒီ နှောင်ကြိုးလေးနာမည်က ' ချန်ချန် ' လို့ခေါ်တယ်။