ချန်ချန်မှားသွားပါတယ်

1.3K 188 13
                                    


ထုတ်မပြောဖြစ်ပေမဲ့ ချန်ချန်ခံစားမိမှာပါ။
ကိုကိုကမင်းကိုသိပ်ချစ်တာ။

_________________ ♡ ̆̈________________

"" တံခါးဖွင့်စမ်း ချန်ချန် ""

"" ..... ""

"" မင်းမအိပ်သေးတာကိုကိုသိတယ်
အခုချက်ချင်းတံခါးလာဖွင့်စမ်း ""

ဂယူဗင်း ဒေါသသံနဲ့ပြောရင်း တံခါးကို ဆယ်ချက်လောက် ဆက်တိုက်ထုလိုက်တော့မှ ချန်ချန် သူ့ကိုတံခါးလာဖွင့်ပေးလေသည်။

"" ဘာကိစ္စရှိလို့ အိမ်ပြန်လာတာလဲကိုကို ""

"" ငါကကိစ္စရှိမှအိမ်ပြန်လာရမှာလား!! ""

တော်တော်လေးဒေါသထွက်နေတာကြောင့်
ဂယူဗင်း သူ့ကိုယ်သူတောင်မသိလိုက်ပါဘဲ ' ကိုကို ' လို့သုံးရမယ့်အစား ' ငါ ' လို့သုံးလိုက်မိတဲ့အပြင် ဒေါသသံနဲ့အော်လိုက်မိပြီးမှ သူ့ကိုကြောက်နေပုံရတဲ့ ချန်ချန့်မျက်နှာလေးကိုမြင်ပြီး... စက္ကန့်ပိုင်းမျှတိတ်ဆိတ်သွားရကာ... သူ့ဒေါသတွေကို အတတ်နိုင်ဆုံး မျိုသိပ်လိုက်ရသည်။

"" ချန်ချန်.. ညနေက မင်းကိုကို့ဆီပို့လိုက်တဲ့ပုံတွေကလေ တကယ်မဟုတ်ဘူးမလား? မင်းကိုကို့ကိုစိတ်ဆိုးနေလို့လျှောက်ပြောနေတာမလား? ""

လေသံကိုလျှော့ပြီး နူးနူးညံ့ညံ့ပြောလိုက်တော့မှ ချန်ချန့်မျက်နှာလေးလည်းပုံမှန်ပြန်ဖြစ်သွားကာ တည်တည်ငြိမ်ငြိမ် ပြန်ဖြေလာပါသည်။

"" ဟင့်အင်း အဲ့လိုမဟုတ်ဘူး
ကျွန်တော်တကယ်ရည်းစားရသွားတာ ""

"" ဘာ!! ""

"" ကိုကိုကျွန်တော့်ကိုအော်တာနှစ်ခါရှိပြီနော် ""

"" အော်အောင်မင်းလုပ်နေတာလေချန်ချန် ""

"" ကျွန်တော်ဘာလုပ်လို့လဲ ""

"" ဘာလုပ်လို့လဲဟုတ်လား? ကျောင်းမပြီးသေးဘဲရည်းစားထားနေတဲ့သူကဒီစကားပြောထွက်သေးတာလား? ""

"" 'ကျောင်းမပြီးသေးဘဲရည်းစားမထားရ'ဆိုတဲ့ဥပဒေ တောင်ကိုရီးယားမှာထုတ်ထားလို့လား ""

"" စကားကိုကပ်မပြောနဲ့ချန်ချန် ကိုကိုမင်းကိုဘာပြောထားလဲ.. ဒီအရွယ်မှာစာကလွဲပြီးဘာကိုမှခေါင်းထဲမထည့်ရဘူးလို့ပြောထားတယ်လေ ""

Heartstrings [ Completed ]Where stories live. Discover now