ကိုကို့အရာရာကမင်းပဲချန်ချန်

1.3K 182 4
                                    


ကိုကို့ရင်ထဲကဆန္ဒလေးကို မင်းမျက်လုံးလေးတွေထဲကကြယ်လေးတွေကြားမှာဝှက်ထားလိုက်တယ်ချန်ချန်။ တစ်နေ့နေ့တော့ ကြယ်လေးတွေကနေတဆင့်မင်းဆီရောက်ဖို့မျှော်လင့်မိပါရဲ့....

_________________ ♡ ̆̈________________

"" ချန်ချန် အိမ်ပြန်ချင်ပြန်တော့နော်
ကိုကိုကသက်သာနေပြီ ""

သူ့အိမ်က သိပ်မကျယ်တဲ့ တိုက်ခန်းလေးဖြစ်တာကြောင့် ၁၂ရာသီ သူ့ဘေးနားမှာပဲနေပေးနေတဲ့ ချန်ချန် စိတ်ကျဉ်းကြပ်မှာစိုးလို့ပြောမိတဲ့စကားဆိုပေမဲ့ သူပြန်ရလိုက်တာကတော့ အလိုမကျမှုတွေဖုံးလွှမ်းနေပါတဲ့ ချန်ချန်ရဲ့စူပုပ်ပုပ်မျက်နှာလေးသာဖြစ်သည်။

"" ဘာဖြစ်လို့လဲချန်ချန် ""

"" ဘာလို့ခဏခဏအိမ်ပြန်ခိုင်းနေတာလဲ
ကျွန်တော်ရှိနေတာ ကိုကိုစိတ်ရှုပ်လို့လား
အဲ့ဒါဆိုလည်းအစောကြီးကတည်းကပြောလေ ကျွန်တော်ချက်ချင်းပြန်ပေးမှာပေါ့ ""

ချန်ချန်ကစူအောင့်အောင့်ပြောရင်း တကယ်ထပြန်တော့မယ့်ပုံစံနဲ့မတ်တပ်ထရပ်လိုက်တာကြောင့် ဂယူဗင်း အလန့်တကြားထဆွဲလိုက်မိရာ... ဖြစ်ချင်တော့ ချန်ချန့်လက်ကိုလှမ်းဆွဲရမယ့်အစား ချန်ချန့်ခါးလေးကိုဆွဲဖက်လိုက်မိပြီး....

"" !!! ""

လက်တစ်ဖက်နဲ့သာ လှမ်းဖက်လိုက်တာဖြစ်တဲ့အတွက် ရုတ်တရက် ဟန်ချက်ပျက်သွားတဲ့ ချန်ချန့် ကိုယ်လေးမှာ အနောက်ကိုယိုင်ကျလာခဲ့ကာ... သဘာဝကျစွာပဲ ဂယူဗင်းရင်ခွင်ထဲ အံဝင်ခွင်ကျ ဝင်ရောက်သွားတော့၏။

"" အဲ့လိုမဟုတ်ပါဘူး ကိုကိုစိတ်မရှုပ်ပါဘူး..
မင်းစိတ်ကျဉ်းကြပ်နေမှာစိုးတာ ""

"" စိတ်ကျဉ်းကြပ်တော့ရောဘာဖြစ်လဲ..ကျွန်တော်ဆိုးလ်ကိုလိုက်လာခဲ့တာကစိတ်အပန်းဖြေဖို့မှမဟုတ်တာ.. ကိုကို့အနားမှာရှိနေပေးဖို့လေ ""

"" ကိုကိုသိပြီ ""

"" အခုမှသိတာလား? ဒါဆိုအရမ်းနောက်ကျသွားပြီ ဂင်ဂုရူဗင်း... ကျွန်တော်အခုအရမ်းအရမ်းကိုမှစိတ်ကျဉ်းကြပ်နေပြီမလို့ အိမ်ပြန်တော့မယ်.. ""

Heartstrings [ Completed ]Where stories live. Discover now