ချန်ချန့်အတွက်ပဲလမင်းကြီးဖြစ်ပေးမယ်

1.4K 180 22
                                    


မကြောက်နဲ့ ချန်ချန်။
ကိုကိုကမင်းတစ်ယောက်တည်းရဲ့အပိုင်။

_________________ ♡ ̆̈________________

"" ကိုကို့! ""

ချန်ချန်က နိုးတာနဲ့ ' ကိုကို ' ဆိုတဲ့ နာမ်စားလေးအား aegyo toneလေးဖြင့်ချစ်စရာကောင်းအောင်အော်ခေါ်ရင်း မီးဖိုချောင်ထဲဝင်လာတော့သည်။

မနက်စာပြင်နေတဲ့ သူ့အနား ခုန်ဆွခုန်ဆွလေးနဲ့ ရောက်ချလာတာကိုတော့ ဂယူဗင်း လှည့်မကြည့်ဘဲနဲ့တောင်သိလိုက်ပါသည်။

"" ကိုကို ဘာလုပ် ""

အနောက်ဘက်ကနေ သူ့ခါးကိုဖက်လျက်
မေးခွန်းထုတ်လာပုံလေးကလည်း ချစ်စရာအတိ။

"" နိုးလာပြီလား ချန်ချန်
ကိုကိုမင်းအတွက်မနက်စာပြင်ပေးနေတာ ""

ဂယူဗင်း ပြောရင်းနဲ့ ဒယ်အိုးကိုမီးပိတ်ကာ
သူ့ခါးပေါ်ကချန်ချန့်လက်‌ကလေးတွေကို
ဖွဖွလေးဆုပ်ကိုင်ကာဖယ်စေပြီး ချန်ချန်နဲ့
မျက်နှာချင်းဆိုင်လိုက်တော့သည်။

"" ဟင်.. ရုပ်လေးကဘယ်လိုဖြစ်နေတာလဲ
အိပ်ရေးမဝသေးဘူးလား ကိုကို့ချန်ချန်လေး ""

အခုထိအိပ်မှုန်စုတ်ဖွား‌ဖြစ်နေသေးတဲ့
မျက်နှာလေးအား လက်နှစ်ဖက်ဖြင့်အုပ်ကိုင်ရင်း သူမေးတော့ ချန်ချန်က သူ့ရင်ခွင်ထဲတိုးဝင်လာခဲ့ကာ aegyo toneလေးနဲ့အတူဖြေလာပါသည်။

"" အွန်း ချန်ချန်အိပ်ရေးဝသေးဘူး ""

သူ့ရင်ခွင်ကိုပါးလေးအပ်ထားရင်း မျက်စိလေးလည်းမှိတ်ထားသေးတာကြောင့် ပြန်ဖျားနေတာများလားဆိုတဲ့အတွေးနဲ့ ဂယူဗင်းစိတ်ပူသွားရကာ နဖူးလေးကိုစမ်းကြည့်မိသည်။

"" အဖျားလည်းမရှိတော့ပါဘူး.. ဘာလို့ ဒီနေ့ကျမှ အိပ်ပုတ်လေးဖြစ်နေရတာလဲပြော ""

"" သိဘူး ချန်ချန်ဆက်အိပ်ချင်တာပဲသိတယ် ""

ဒီလောက်ဆို ဂယူဗင်း သဘောပေါက်လိုက်ပါပြီ။

ဒီနေ့မနက် အိမ်ပြန်ရတော့မှာမလို့
ချန်ချန်ရစ်နေတာ။

"" ဆက်အိပ်ချင်သေးရင် အခန်းထဲသွားအိပ်လေ ဘာလို့ကိုကို့ကိုလာဖက်ထားတာလဲ ဒီလိုကြီးပဲမတ်တပ်အိပ်တော့မလို့လား ""

Heartstrings [ Completed ]Tempat cerita menjadi hidup. Temukan sekarang