3

507 65 1
                                    

"ရစ်ခီ ငါလူတစ်ယောက်ကိုချစ်မိသွားပြီ"

"ဟမ် ဘာ"

မြူးကြွနေတဲ့djသံတွေကြား မက်သရူးအသံကတိုးမပေါက်တာ‌ကြောင့် ရစ်ခီနောက်တစ်ကြိမ်ပြန်မေးလိုက်ပြီးနောက် စတော်ဘယ်ရီကဲ့သို့ပန်းရောင်သန်းနေတဲ့ ကော့တေးတစ်ခွက်ကို နှုတ်ခမ်းနားကိုတေ့ကာတစ်ငုံသောက်လိုက်သည်။ထိုကော့တေးက အယ်ကိုဟောပါသော်လည်းအခါးဓာတ်မပါပဲ ချိုမြိန်တဲ့ရှတတအရသာလေးက သူ့လည်ချောင်းတစ်ဝိုက်ကိုစီးဆင်းသွားသည်။

"ငါ လူတစ်ယောက်ကိုချစ်မိသွားပြီလို့"

"ဖွီး အဟွတ် အဟွတ်"

ကော့တေးသောက်နေရင်း သူ့နား နားကိုကပ်ကာကျယ်လောင်စွာပြောလိုက်တဲ့မက်သရူးကြောင့် ရစ်ခီလန့်ဖြန်ကာချောင်းဆိုးသွားသည်။

"ချစ် ချစ်တာဟုတ်လား"

ပါးစပ်ထဲကမှုတ်ထုပ်မိတာကြောင့် အင်္ကျီပေါ်အနည်းငယ်စိုစွတ်သွားတဲ့နေရာတွေကို တစ်ရှူးနဲ့သုတ်လိုက်ရင်း ရစ်ခီအံ့ဩတကြီးနဲ့မက်သရူးကိုပြန်မေးလိုက်သည်။

"ဟုတ်တယ် သူ့ရဲ့မျက်နှာလေးကိုမြင်ရတာ ငါ့ရဲ့ရင်ဘက်ထဲကိုလိပ်ပြာလေးတွေဖြတ်သန်းသွားသလိုပဲ သူပြုံးနေတာလေးကိုလဲ မျက်တောင်မခတ်ပဲစိုက်ကြည့်နေမိတာပဲ ငါလူတစ်ယောက်အပေါ်ရူးသွပ်ဖူးတာဒါပထမဆုံးအကြိမ်ပဲ"

နေ့လည်က ကော်ဖီဆိုင်မှာစောင့်နေရင်း ချိုမြိန်တဲ့အသံပိုင်ရှင်လေးကြောင့် သူနှလုံးသားလေးကအချက်ပြလာခဲ့သည်။ခဏကြာတော့ ကော်ဖီဆိုင်ကထွက်သွားတဲ့ပုံရိပ်လေးကို နှမြောတသဖြစ်စွာနဲ့ ထိုလူသားအနောက် ခပ်လှမ်းလှမ်းကနေလိုက်လာခဲ့မိသည်။ကြောင်ဝါလေးကို မြှောက်ချီထားတဲ့ထိုလူသားရဲ့ ပုံရိပ်လေးက မက်သရူးမျက်ဝန်းထဲတစ်ဖန်ပြန်ရောက်ရှိလာတာကြောင့် သူခပ်ရေးရေးပြုံးလိုက်သည်။အဲဒီ့အပြင် ကြောင်ကလေးလောက်တောင် အချစ်မခံရတဲ့ကိုယ့်ကိုကိုယ်ဝမ်းနည်းမိတာကြောင့် သူစိတ်ပေါက်ပေါက်နဲ့ အရှေ့ကအအေးဗူးခွံကိုကန်လိုက်တာ ထိုလူရဲ့ပုခုံးကိုတိုက်မိသွားလေရဲ့။သို့ပေမယ့် သူ့ကိုတစ်ချက်သာကြည့်ပြီး လျစ်လျူရှုခံလိုက်ရတဲ့ ကိုယ်အဖြစ်ကိုသနားမိတာကြောင့် မက်သရူးမျက်နှာလေးရှုံ့မဲ့မိသွားသည်။

Falling Slowly [Jiwoong × Matthew] - Hiatus Where stories live. Discover now