-ဒေါက် ဒေါက် ဒေါက်-
"မက်သရူး ပြင်ဆင်လို့ပြီးပြီလား"
အခန်းထဲဝင်လာတဲ့ဂျီအွန်းကိုမြင်တော့ မက်သရူးခေါင်းခါကာ သူ့လက်ထဲကnecktieကိုမြှောက်ပြလိုက်သည်။
"မဟုတ်ရင်တောင် ဂျီအွန်းဆီလာတော့မလို့"
"..."
ဂျီအွန်းက ထိုကောင်လေးလက်ထဲက necktieကိုဆွဲယူလိုက်သည်။
"ဂျီအွန်း ဒါပထမဆုံး ကျွန်တော်တို့နှစ်ယောက်အတူတူတက်ရတဲ့ပွဲပဲ"
ဂျီအွန်းကဘာမှမဆိုပဲခေါင်းငြိမ့်ကာ မက်သရူးလည်တိုင်ပေါ်က necktieစကိုသာအာရုံစိုက်ထားလိုက်သည်။
"အခေါ်အဝေါ်ပြောင်းသင့်တယ်"
"ဘာကိုလဲ"
"ပွဲမှာ ကိုယ့်ကို ဂျီအွန်းလို့မခေါ်နဲ့ ကိုယ်ကမင်းထက်အသက်ကြီးတယ်"
"ဘယ်လိုခေါ်ရမှာလဲ"
"ဟျွန်း...ဂျီအွန်းဟျွန်း"
အိမ်မှာကိစ္စမရှိပေမယ့်publicပွဲတက်ချိန်မှာတော့ မက်သရူးကအငယ်ဖြစ်သူမလို့ ဂျီအွန်းကိုလေးလေးစားစားခေါ်သင့်ကြောင်း မက်သရူးကိုယ်တိုင်လဲထောက်ခံပါသည်။သို့သော်လည်း ဂျီအွန်းကို စနောက်ချင်တဲ့ညဏ်ဆိုးလေးကရှိနေလေသည်။
"ဂျီအွန်းက ကျွန်တော့်အကိုမှမဟုတ်တာ ကျွန်တော်တို့ကလက်ထပ်ထားတာဆိုတော့...အင်း...ယောဘို(여보)~~"
သူ့ necktie ကို ကိုင်ထားရင်းမလှုပ်မယှက်ဖြစ်နေတဲ့ဂျီအွန်းကြောင့် မက်သရူးက ခပ်တိုးတိုးရယ်လိုက်သည်။ထို့နောက် ဂျီအွန်းအနားကိုကပ်ကာ ထိုလူရဲ့လည်ပင်းပေါ်တွင် သူ့လက်အစုံကိုခိုနားလိုက်သည်။
"အိုင်းဂူး စတာပါ အဲလောက်ထိလန့်မသွားပါနဲ့"
အနည်းငယ်နီရဲနေတဲ့နားရွက်တွေကြောင့် မက်သရူးအသည်းယားစွာဖြင့် ထိုလူရဲ့ပါးကိုဖြတ်ခနဲနမ်းလိုက်သည်။ထို့နောက် ခြေဖျားထောက်လျက် ထိုလူရဲ့ နားနားကိုတိုးကပ်လိုက်သည်။
"အဲတာဆို ဂျာကီးရား(자기야)ဆိုရင်ရော ဘယ်လိုလဲ"
"မက်...မက်သရူး တော်တော့ သွားရအောင်"
YOU ARE READING
Falling Slowly [Jiwoong × Matthew] - Hiatus
FanfictionMarried lifeပုံစံလေးနဲ့ရေးကြည့်မယ် Woongthew Binthew Woonghao Binhao