15

405 35 4
                                    

ကျန်းဟောင်အိမ်ပြန်‌ရောက်ရောက်ချင်း ပန်းအိုးထဲကို ဂျီအွန်းပေးထားတဲ့နှင်းဆီပန်းအနီလေးကိုထည့်လိုက်ပြီး နှင်းဆီပန်းကိုသာစိုက်ကြည့်နေရင်း သူ့မျက်ဝန်းတွေစိုစွတ်လာသည်။

"အာ"

ဝေ့ဝဲလာတဲ့မျက်ရည်ကြည်တွေကြောင့် ကျန်းဟောင်ထိုနေရာမှခပ်သွက်သွက်ထွက်ခွာပြီး အိပ်ခန်းထဲသို့ဝင်သွားလိုက်သည်။အိပ်ခန်းထဲသို့ရောက်ရောက်ချင်း အိပ်ယာပေါ်သို့လှဲချလိုက်ပြီး လမ်းတစ်လျှောက်လုံးချုပ်ထိန်းထားတဲ့ ဝမ်းနည်းမှုတွေက မျက်ရည်တွေအဖြစ်ခေါင်းအုံးပေါ်သို့စီးဆင်းသွားသည်။

---

-တင်းတောင်-
-တင်းတောင်-
-တင်းတောင်-
-တင်းတောင်-

"ကျစ် မသိတတ်လိုက်တာ ဒီကောင်လေးကတော့"

အဆက်အပြတ်ထွက်ပေါ်လာတဲ့တံခါးဘဲလ်သံကြောင့် ကျန်းဟောင်မှာမျက်ရည်တွေကိုခပ်မြန်မြန်သုတ်ရင်း တံခါးရှိရာသို့သွားရပြန်သည်။

"ဘာလို့ခဏခဏဘဲလ်တီးနေရတာလဲ ဘေးခန်းတွေကိုအားနာစရာ"

ဟန်ဘင်းက ကျန်းဟောင်အမေးကိုပြန်မဖြေတော့ပဲ သူ့လက်ထဲကဝိုင်ပုလင်းကိုလှုပ်ကိုင်ပြလိုက်သည်။

"အတူတူသောက်ရအောင်"

"တော်ပြီ ငါမသောက်ချင်ဘူး"

နီရဲနေတဲ့မျက်ဝန်းတွေကြောင့် သူမလာခင်မှာ ကျန်ဟောင်ကသေချာပေါက်တစ်ဖက်သက်အသည်းကွဲပြီး ငိုနေတာဖြစ်ကြောင်းဟန်ဘင်ရိပ်မိပါသည်။ကျန်းဟောင်ရဲ့ပုံစံကြောင့် ဟန်ဘင်းမှာတစ်ယောက်တည်းမထားခဲ့နိုင်ပါ။

"သေချာလို့လား ဒါနှစ်ချို့ဝိုင်နော် အရမ်းတန်းဖိုးကြီးတယ်"

"အင်း နည်းနည်းပဲသောက်ကြည့်မယ်"

သူအကြံအစည်အောင်မြင်သွားတာကြောင့် ဟန်ဘင်းကအနည်းငယ်မျှပြုံးရယ်ကာ ကျန်းဟောင်အိမ်ထဲသို့ဝင်လိုက်သည်။

"ဟာအိုဟျွန်းက ဒီမှာပဲထိုင်နေနော် ကျွန်တော်ထည့်လာပေးမယ်"

အိမ်ထဲရောက်တော့ ဟန်ဘင်းကကိုယ့်အိမ်ကိုယ့်ယာလို မီးဖိုခန်းထဲဝင်ကာ ဝိုင်ခွက်နှစ်ခွက်ကိုထုတ်ယူလိုက်သည်။ဝိုင်ဖောက်တံဖြင့် ဝိုင်ပုလင်းကိုဖောက်ပြီးနောက် ဝိုင်ပုလင်းနှင့် ဖန်ခွက်တို့ကို ဧည့်ခန်းထဲသို့ပြန်ယူဆောင်လာခဲ့သည်။

You've reached the end of published parts.

⏰ Last updated: Dec 14, 2023 ⏰

Add this story to your Library to get notified about new parts!

Falling Slowly [Jiwoong × Matthew] - Hiatus Where stories live. Discover now