"ရစ်ခီ မင်းတို့နှစ်ယောက်တည်းအဆင်ပြေပါ့မလား"
"ရပါတယ် kamdenရာ သွားမှာဖြင့်သွားလိုက်"
Kamdenက ရစ်ခီ့ပုခုံးကိုပုတ်ပြီး မက်သရူးကိုတစ်လှည့် ရစ်ခီကိုတစ်လှည့်ကြည့်ရင်း အချုပ်ခန်းထဲမှထွက်ကာ သူ့ရဲ့ရှေ့နေရှိရာဆီသို့သွားလိုက်သည်။သူတို့ကလူချမ်းသာအသိုင်းအဝိုင်းဖြစ်တာကြောင့် ရန်ဖြစ်တိုင်းဖြေရှင်းပေးဖို့သူတို့သူငယ်ချင်းအားလုံးမှာရှေ့နေ့တစ်ယောက်စီရှိနေတာမဆန်းပေ။သို့သော် ယခုဆန်းကြယ်နေသည့်အရာက ရန်ဖြစ်တိုင်းရှေ့နေယူကိုမခေါ်ပဲ ဂျီအွန်းကိုသာလာခေါ်ခိုင်းသည့် မက်သရူးပင်။
"မက်သရူး ရှေ့နေယူကိုဖုန်းဆက်လိုက်ရအောင်"
ကျယ်ဝန်းတဲ့အချုပ်ခန်းထဲမှာသူတို့နှစ်ယောက်ပဲကျန်တော့တာကြောင့် ရစ်ခီရဲ့အသံကကျယ်လောင်စွာ ပဲ့တင်သံရိုက်ခတ်လာသည်။၃နာရီကျော်လောက်ထိစောင့်ဆိုင်းနေရခြင်းဖြစ်ကာ နာရီလက်တံက၁၂အတိကိုညွှန်ပြနေပြီဖဖြစ်တာကြောင့် ရစ်ခီစိတ်မရှည်တော့။
"မင်းဘာသာမင်းသွားချင်သွား"
"မင်းဘဲကြီးက လာတော့မှာမဟုတ်ဘူး"
ရစ်ခီ့စကားကြောင့် မျက်ခုံးနှစ်ဖက်ထိကပ်လုနီးပါး မက်သရူးမျက်မှောင်ကြုံ့လိုက်သည်။ချမ်းစိမ့်စိမ့်ဖြစ်လာတာကြောင့် လက်မောင်းနှစ်ဖက်ကိုပိုက်ကာ အဖြူရောင်သံတိုင်တွေကိုမတ်တပ်ရပ်ရင်း ဆက်လက်ငေးကြည့်နေလိုက်သည်။
ခေါင်းမာတဲ့မက်သရူးက သူ့စကားကိုနားဝင်မှာမဟုတ်မှန်း သူတပ်အပ်သိတာကြောင့် ရစ်ခီဘာမှဆက်မပြောတော့ပဲ နံရံကိုမှီကာထိုင်ချလိုက်သည်။ဆေးလိမ်းထားသော်လည်း ညအအေးဓာတ်ကြောင့် သူ့ရဲ့လတ်လတ်ဆတ်ဆတ်ဒဏ်ရာတွေက နာကျင်စပြုလာပြီဖြစ်ရာ ထိုဒဏ်ရာများသက်သာသွားစေရန် သူမျက်လုံးမှိတ်လိုက်သည်။
"ဝှါး ထိုင်ရင်းနဲ့စောင့်လေ"
ရစ်ခီသတိပေးလိုက်မှ သူ့ခြေထောက်တွေညောင်းညာနေတာကို မက်သရူးသတိထားမိသွားသည်။ထို့ကြောင့် ရစ်ခီ့ဘေးနားသွားကာ ကြမ်းပြင်ပေါ်ထိုင်ရင်း နံရံကိုကျောမှီလိုက်သည်။မာတောင့်တောင့် ကြွေပြားကနေတစ်ဆင့် သူ့ခန္ဓာကိုယ်ဆီသို့ရောက်ရှိလာတဲ့ အအေးဓာတ်ကြောင့်မက်သရူးမျက်နှာမဲ့လိုက်သည်။
YOU ARE READING
Falling Slowly [Jiwoong × Matthew] - Hiatus
FanfictionMarried lifeပုံစံလေးနဲ့ရေးကြည့်မယ် Woongthew Binthew Woonghao Binhao